မက်ဆီမီလျံ ရောဘတ်စပျဲမက်ဆီမီလျံ ရောဘတ်စပျဲသည် ပြင်သစ်တော်လှန်ရေး အတွင်းက ထင်ရှားသော တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့လေသည်။
ရောဘတ်စပျဲသည် ၁၇၈၉ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ အမျိုးသားလွှတ်တော်သို့ အားရားနယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသည်။ လွှတ်တော်အတွင်း ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြောဆိုခဲ့ရာတွင် သူ့ကို ပါရစ်မြို့၌ လူသိများလာလေသည်။ ထိုမျှမကသေး ဂျက္ကဗင်း တော်လှန်ရေး ဂိုဏ်းဝင်များ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့၏။ မကြာမီ သူ၏ရိုးသားလှသည်ဟူသော နာမည်ကောင်းကြောင့် ဂျက္ကဗင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၁၆ ဆက်မြောက် လူဝီ ဘုရင် အသတ်ခံရသည်မှာ သူဦးစီးသော တော်လှန်ရေးသမားများ၏ ပယောဂကြောင့်ပင် ဖြစ်သည်။ ပြင်သစ်နိုင်ငံအတွက် အခြေခံဥပဒေသစ် ရေးဆွဲရန် ဖိတ်ခေါ်ခဲ့သော အမျိုးသား ကွန်ဗင်းရှင်း လွှတ်တော်တွင် သူခေါင်းဆောင်သော ဂျက္ကဗင်း တော်လှန်ရေးဂိုဏ်းသည် အင်အားအကြီးဆုံး ဖြစ်လေသည်။
အမှန်စင်စစ် ရောဘတ်စပျဲသည် အဖွဲ့၏ အစည်းအဝေးကို မှန်မှန်တက်လေ့ မရှိသည့်ပြင်၊ ကော်မီတီ၏ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လေ့ မရှိခဲ့သော်လည်း ထိုသို့ မလိုလားအပ်သူများကို ရှင်းလင်းပစ်ခြင်းဖြင့် သူ၏မြော်မှန်းချက်ကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့လေသည်။ သူသည် ရူးဆိုး၏ တော်လှန်ရေးစာပေများကို ဖတ်ရှုလေ့လာသဘောကျ နှစ်ခြိုက်သူ ဖြစ်သည့်အတိုင်း လူမှုဆက်ဆံရေးစံနစ်ကို ပြောင်းလဲပစ်ရန် အလွန်စိတ်အားထက်သန်ခဲ့၏။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ရက်စက် ကြမ်းကြုတ်မှုများကြောင့် တန်ခိုးကြီးလာခဲ့ရာ ရောဘတ်စပျဲသည် လည်း အာဏာရှင်တမျှ တန်ခိုးကြီးမားလာခဲ့လေသည်။ ရောဘတ်စပျဲသည် သူနှင့် သဘောကွဲလွဲခဲ့သောကြောင့် သူ၏ ရဲဘော် ဒန်တွန်ကိုလည်း သေဒဏ်ပေးခဲ့သည်။ သို့ဖြစ်၍ သူ၏ ရဲဘော်များပင် သူ၏ တန်ခိုးအာဏာကို မနာလို ဖြစ်လာကြသည့်ပြင် သတ်ဖြတ်မှု များကိုလည်း ငြီးငွေ့လာကြပြီ ဖြစ်၏။ ထိုနောက်တွင်လည်း သူ၏သဘောတရားများကြောင့် သူ့ကို မုန်းတီးသူ ပိုမိုများပြားလာခဲ့လေသည်။ ထိုကြောင့် ၁၇၉၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် သူ၏ရန်သူများက သူ့ကို ဖမ်းဆီးခဲ့လေသည်။ နောက်တစ်နေ့တွင် ကွန်ဗင်းရှင်းလွှတ်တော်၏ အမိန့်ဖြင့် အသတ်ခံရလေ သည်။ ထိုနောက် ရက်စက်ကြမ်း ကြုတ်မှုများလည်း ပပျောက် သွားလေသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia