မင်းသာရွာ၊ တမူးမြို့နယ်
မင်းသာရွာ (အင်္ဂလိပ်: Minthar)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မင်းသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၀၃၂ ဖြစ်သည်။ [၁] မင်းသာရွာသည် တမူးမြို့နှင့် ၁၈ မိုင်အကွာတွင် တည်ရှိပြီး အချက်အချာကျသော တမူး - စေတီသွား လမ်းပေါ်တွင် တည်ရှိသည်။ အခြေခံပညာ အထက်တန်းကျောင်း၊ တိုက်နယ်ပြည်သူ့ ဆေးရုံ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မီးသတ် ဌာန၊ သစ်တောဦးစီး ဌာန၊ စိုက်ပျိုးရေး ဦးစီး ဌာန၊ တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စသည့် ဝန်ကြီးဌာန များစွာ ရှိသည်။ အဓိက စီးပွားရေး လုပ်ငန်းမှာ တောင်သူ စိုက်ပျိုးရေး လုပ်ငန်း ဖြစ်ပြီး အခြားစီးပွားရေး လုပ်ငန်းများစွာလည်း ရှိသည်။ မင်းသာရွာသည် သမိုင်းဝင် ရွာဖြစ်သည်။ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြပြီး ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း ရှိသည်။ ရွာ၏ အရှေ့ဘက်တွင် ပုဗ္ဗါရုံကျောင်းတိုက် နှင့် ရွာ၏ အနောက်ဘက်တွင် သဒ္ဓမဝံသ ကျောင်းတိုက် တို့ ရှိသည်။ ခရစ်ယာန်ဘာသာဝင်နှင့် ခရစ်ယာန် ဘုရားကျောင်းများလည်း ရှိသည်။ အရှေ့ဘက်တွင် မင်းသမီးတောင်တန်း ၊ အနောက်ဘက်တွင် အိန္ဒိယတောင်တန်း တို့နှင့် ထိစပ်နေသည်။ ကဘော်ဒေသ ၊ ကဘော်ချိုင့်ဝှမ်း ဒေသ ဟုလည်း ထင်ရှား ကျော်ကြားသည် ။
ကိုးကား
|
Portal di Ensiklopedia Dunia