တမူးမြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံနယ်စပ်ရှိ မြို့နယ်ဖြစ်ကာ တမူးမြို့၊ ခမ်းပါတ်မြို့နှင့် မြို့သစ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ တမူးမြို့ ဖြစ်သည်။
တမူးမြို့နယ်တခုလုံးကို ကဘော်ဒေသဟုခေါ်တွင်ပါသည်။ တမူးမြို့ကို မြန်မာ သက္ကရာဇ် (၁၁၆၃) ခုနှစ်၊ တပေါင်းလဆန်း (၁၁) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ရှေးယခင်က တိုင်းလိုင် (ခေါ်) ရှမ်းနီ လူမျိုးများ အခြေချနေထိုင်ခဲ့၍
"ကပေါ်" ဒေသဟုခေါ်တွင်ရာမှ နောင်တွင် "ကဘော်"ဒေသဟု ခေါ်ဆိုလာခြင်း ဖြစ်သည်။ ကလေးမြိုနယ် ဖက်ယားရေရှင်ကျေးရွာ၊ တမူးမြိုနယ် စော်ဘွားရေရှင်ကျေးရွာမှ တမူးမြို့အထိ အထက်ကဘော်ဒေသဟု ခေါ်၍ တမူးမြို့နယ်၊ မြို့သစ်မြို့မှ
အောင်ဇေယျကျေးရွာမြောက်ပိုင်း နန်းအောက်မော်ရွာအထိ ကဘော်ချိုင့်ဝှမ်းဒေသ ဖြစ်သည်။
ကိုးကား