မဒရပ်ပြည်နယ်မဒရပ်ပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် ပါဝင်သည့် ပြည်နယ်တစ်ခုဖြစ်သည်။ ဗြိတိသျှတို့လက်ထက် က နယ်နိမိတ် ကျယ်ဝန်းသော်လည်း အိန္ဒိယပြည်သည် လွတ်လပ်သော နိုင်ငံဖြစ်လာ၍ ပြည်နယ်များကို ပြန်လည် သတ်မှတ်သည်တွင် မဒရပ်ပြည်နယ် မြောက်ပိုင်း တစ်ခြမ်းကို အန္ဓရပဒေသဟူသော အမည်ဖြင့် ပြည်နယ်သစ်တစ်ခု ဖွဲ့စည်းပေးလိုက်သဖြင့် ယခုအခါ မဒရပ်ပြည်နယ်၏ အကျယ် အဝန်းမှာ ၅ဝ၁၃၂ စတုရန်း မိုင်မျှသာ ရှိပေသည်။ မဒရပ် ပြည်နယ်သည် ဗြိတိသျှတို့၏ မူရင်းနယ်ကြီး ၃ နယ်အနက် တစ်နယ်ဖြစ်ခဲ့၏။ အခြားနယ်များမှာ ဘုံဘိုင်နှင့် ဘင်္ဂလားတို့ ဖြစ်လေသည်။
မဒရပ်ပြည်နယ်ထွက် သဘာဝ ပစ္စည်းများတွင် အဖိုးတန်သစ်များနှင့် သယံဇာတ ပစ္စည်းများ ပါဝင်သည်။ အရေးပါ အရာရောက်ဆုံး သယံဇာတပစ္စည်းတို့မှာ သံ၊ ရွှေ၊ ခဲ၊ ဂါးနက်ကျောက်၊ စိန်နှင့် ကြေးနီတို့ဖြစ်၏။ လမ်းပန်းဆက်သွယ်ရေးတွင် မဒရပ်ပြည်နယ်သည် နဂိုရ်အားဖြင့် ကောင်းမွန်ခြင်း မရှိသော်လည်း ပြုပြင်ထား သည့်အတွက် လွယ်ကူစွာ ဖောက်လုပ်ထားသည်။ မဒရပ်မြို့ရှိ သင်္ဘောဆိပ်မှာ ငွေကြေးအမြောက်အမြား အကုန်အကျခံ၍ ပြုပြင်ဆောက်လုပ်ထားသော ဆိပ်ကမ်းဖြစ်၏။ ပြည်နယ်သည် မြေဩဇာကောင်းမွန်ခြင်း မရှိသော်လည်း မြစ်ဝကျွန်းပေါ်ဒေသ များ၌ တူးမြောင်းများဖြင့် ရေးသွင်းပေးသောကြောင့် စိုက်ပျိုးရေး ဖွံ့ဖြိုးကာ၊ ပြည်နယ်၏ ဝင်ငွေကို တိုးပွားစေ သည်။ စိုက်ပျိုးသော ကောက်နှံများကား စပါး၊ နှံစာပြောင်း၊ ဆီထွက်သော အစေ့များ၊ ဝါ၊ မဲနည်၊ ဟင်းခတ် အမွှေး အကြိုင်များ၊ ဆေးရွက်ကြီးပင်၊ လက်ဘက်အစရှိသည်တို့ ဖြစ်၏။ မဒရပ် ပြည်နယ်သည် အိန္ဒိယနိုင်ငံရှိ အခြားမြို့ ကြီးများနှင့် မီးရထားလမ်းများဖြင့် အဆက်အသွယ်ရှိသည်။ သီဟိုဠ်ကျွန်း သို့သွားလျှင် မဒရပ်ပြည်နယ်၏ အရှေ့တောင် ဘက်ရှိ ဒါနုသကိုဒိ ဆိပ်ကမ်း တံတားအထိ မီးရထားစီး၍၊ ထိုမှတစ်ဆင့် တစ်ဘက်ကမ်းရှိ သီဟိုဠ်ကျွန်းမှ တာလယ်မန္ဒာ ဆိပ်ကမ်းသို့သင်္ဘောဖြင့် ကူးကာ တာလယ်မန္ဒာမှနေ၍ ကိုလံဗိုသို့မီးရထားဖြင့် ခရီးဆက်ရ၏။ မဒရပ်ပြည်နယ်တွင် နေထိုင်သူအများမှာ ဟိန္ဒူများ ဖြစ်၏။ ခရစ်ယာန် အယူဝါဒသည် အိန္ဒိယနိုင်ငံတွင် အခြား ဒေသများထက် မဒရပ်ပြည်နယ်၌ ပို၍ပြန့်ပွားသည် ဖြစ်ရကား ခရစ်ယာန်အယူဝါဒီ အထူးသဖြင့် ဗရင်ဂျီ ဂိုဏ်းဝင်များပေ သည်။ ဤပြည်နယ်တွင် တိုင်းရင်းဘာသာစကား ၃ မျိုးပြော ကြသော်လည်း အများသုံး ဘာသာ စကားမှာ တမီလ်စကား ဖြစ်၏။ မဒရပ်ပြည်နယ်ရှိ လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေ ၂၉၉၇၄၉၃၆ ယောက်ဖြစ်၏။ မဒရပ်ပြည်နယ်သည် အာဏာအတွက် ဗိုလ်လုပွဲ မကြာခဏ ဖြစ်ပွားရာဒေသဖြစ်၏။ ခရစ် ၁၄ ရာစုနှစ် ဦးကာလက မဒရပ်ပြည်နယ်တွင်းသို့မွတ်စလင်များ ချင်းနင်းဝင်ရောက်လာသည်။ ထို့နောက် ဗြိတိသျှ၊ ပြင်သစ် နှင့် ဒပ်ချလူမျိုးတို့သည် အာဏာရရေးအတွက် နှစ်လကြာ ရှည်စွာ တိုက်ခိုက်ကြ၍ အဆုံးတွင် ဗြိတိသျှတို့က အနိုင် ရသည်။ မဒရပ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၌ ဗြိတိသျှတို့က အနိုင်ရသည်။ မဒရပ်ပြည်နယ်သည် အိန္ဒိယ နိုင်ငံ၌ ဗြိတိသျှတို့က ဦးစွာအခြေစိုက်ရာ ဌာနတစ်ခုဖြစ်၏။ ၁၉၅၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း၌ မဒရပ်ပြည်နယ် မြောက်ပိုင်းကို အန္ဓရပဒေသပြည်နယ်ဟူ၍ နယ်သစ်တစ်ခု တည်ထောင်၏။ အန္ဓရပဒေသပြည်နယ်တွင် အများပြော ဘာသာစကားမှာ တေလဂူဖြစ်၏။ အိန္ဒိယ နိုင်ငံတွင် ပြောဆိုသော ဘာသာစကားကို မူတည်၍ ပြည်နယ်သီးခြား သတ်မှတ်ရာ၌ အန္ဓရပဒေသသည် ပထမ ဆုံးပြည်နယ်ဖြစ်၏။ မဒရပ်ပြည် နယ်ကို အိန္ဒိယနိုင်ငံ သမ္မတက ခန့်အပ်သော ဘုရင်ခံအား တာဝန်ခံရသည့် ဝန်ကြီးအဖွဲ့က အုပ်ချုပ်သည်။ သီးခြားဥပဒေပြု လွှတ်တော် ၂ ရပ်ရှိ၏။ မဒရပ်ပြည်နယ်မှ အိန္ဒိယနိုင်ငံ အထက်လွှတ်တော်သို့ ကိုယ်စားလှယ် ၁၇ ဦးနှင့် အောက်လွှတ်တော်သို့ကိုယ်စား လှယ် ၄၁ ဦး စေလွှတ်ရသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia