မန္တလေးဘူတာကြီး
မန္တလေး ဘူတာကြီးသည် မန္တလေးမြို့လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံး ဘူတာရုံများထဲမှ တစ်ခုဖြစ်သည်။ ဘူတာကြီးသည် အထက်မြန်မာပြည်၏ ၃,၁၂၆ မိုင် (၅,၀၃၁ ကီလိုမီတာ)ရှိသော မီရထားလမ်းကွန်ယက်၏ ရထားလမ်းဂိတ်ဝဖြစ်သည်။ အဓိက ရန်ကုန်-မန္တလေး မီရထားလမ်းသည် မန္တလေး ဘူတာကြီးတွင် ဂိတ်ဆုံးသည်။[၁] ဘူတာကြီးသည် ပြင်ဦးလွင်၊ လာရှိုး၊ မုံရွာ၊ ပခုက္ကူ၊ ဂန့်ဂေါနှင့် မြောက်ဘက်တွင် ရွှေဘို၊ ကောလင်း၊ ကန့်ဘလူ၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နှင့် မြစ်ကြီးနားမြို့များသို့ မီးရထားလမ်းခွဲများ စတင်ရာ နေရာလည်း ဖြစ်သည်။ မန္တလေး ဘူတာကြီးသည် ၇ ထပ်မြင့်သော အဆောက်အအုံတစ်ခုဖြစ်ကာ ဟိုတယ်တစ်ခုလည်း ပါဝင်သည်။ ယခင်ဘူတာရုံဟောင်းသည် လက်ရှိဘူတာရုံ၏ တောင်ဘက်တွင် တည်ရှိသည်။[၂] ယခင်ဘူတာကြီးယခင်က မန္တလေးဘူတာကြီးသည် နှစ်ထပ်အဆောက်အအုံဖြစ်၍ မြေညီထပ်တွင် ထူထဲခိုင်ခန့်သော နံရံကြီးများရှိ၍ ဆေးဝါသုတ်ထားသည်။ ပထမထပ် (အပေါ်ထပ်) ကို သစ်သားဖြင့် ဆောက်လုပ်ထားပြီး အုပ်ကြွပ်ချပ်များဖြင့် မိုးထား၏။ ကိုလိုနီခေတ်၏ အမှတ်လက္ခဏရှိ အဆောက်အဦးဖြစ်သည်။ ၁၉၉၅ ဖော်ဖော်ဝါရီ ၁၃ တွင် ထိုအဆောက်အဦးကို ဖြိုဖျက်၍ ယခုမြင်ရသော အဆောက်အဦးသစ်ဖြင့် အစားထိုးခဲ့သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia