လားရှိုးမြို့
![]() လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော်ကြားသည်။ ထို့ကြောင့် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မြို့သမိုင်းရှေးယခင် သီပေါ၊ သိန္နီ၊ မိုင်းရယ်၊ နမ့်ခမ်း အစရှိသည့် ရှမ်းစော်ဘွားများအုပ်ချုပ်စဉ်က လွယ်ရိုး အမည်ရှိ ရွာလေးသာဖြစ်သည်။ ၁၉၀၄တွင် အင်္ဂလိပ်တို့က သိန္နီစော်ဘွား နှင့် အနီးကပ်ဆက်သွယ်ရန် အင်္ဂလိပ်အရေးပိုင်တစ်ဦးထားရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီ တရုတ်-မြန်မာလမ်းမကြီး ဖောက်လုပ်ပြီးသည့်နောက်တွင် စီးပွားရေးကောင်းမွန်လာသဖြင့် လူနေထူထပ်လာသောကြောင့် လားရှိုးအမည်ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် လက်ထပ်က တရုတ်-မြန်မာစစ်ပွဲကာလအတွင်းတွင် စစ်စခန်းထောက်ရွာအဖြစ်လည်းကောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်၊ တရုတ်နှင့် မဟာမိတ်တပ်များ၏ စစ်စခန်းချရာအဖြစ် လည်းကောင်း မှတ်တမ်းများရှိခဲ့သည်။ တည်နေရာနှင့် အကျယ်အဝန်းမန္တလေးမြို့မှ အရှေ့မြောက် ၁၈၆မိုင် အကွာ၊ ပင်လယ်ရေမျက်နှာပင်အမြင့် ၁၈၀၆ပေတွင်တည်ရှိသည်။ မြို့နယ်တစ်ခုလုံး အနေဖြင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၃၆မိနစ် ၅၃စက္ကန့် နှင့် ၂၃ဒီဂရီ ၄မိနစ် ၂၇စက္ကန့် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၁မိနစ် ၁၀စက္ကန့် နှင့် ၉၈ဒီဂရီ ၃၁မိနစ် ၄၈စက္ကန့် အကြားတွင်တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၆၃၃.၄၁ စတုရန်းမိုင် ရှိသည်။ ဖွဲ့စည်းပုံ
လူမျိုးများနေထိုင်သည့် လူမျိုးများမှာ ရှမ်း၊ တရုတ်၊ဗမာ၊လားဟူ၊ ကချင်၊ တအာင်း(ပလောင်)၊ ကိုးကန့်၊ လီဆူ၊ ဂေါ်ရခါး၊ လွယ်လ"ဝ" နှင့် အခြားအိန္ဒိယနွယ်ဖွားများ အဓိကနေထိုင်ပြီး အခြားတိုင်းရင်းသားများလည်း အနည်းငယ် နေထိုင်ကြသည်။ စီးပွားရေးမြန်မာနိုင်ငံတဝှမ်းမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ၏ စီးဆင်းရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာအဖြစ်လည်းကောင်း ကျော်ကြားသည်။ တပ်အတိုင်းအဝိုင်းများနှင့်နီးစပ်သည့်လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူ့စစ်ခေါင်းဆောင်များမှ သတ္တုတွင်းလုပ်များကို တူးဖော်၍ တရုတ်နိုင်ငံသို့ တင်သွင်းပေးပို့သည်။ အခြားဒေသထွက်ကုန်စည်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း နှင့် ပြည်ပ(တရုတ်နိုင်ငံ) များသို့တင်ပို့သည်။ ပညာရေးအခြေခံပညာ
အဆင့်မြင့်ပညာဘာသာရေးဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ထေရဂေါ်ရခါးဗုဒ္ဓဘာသာများလည်းရှိကြသည်။ တရုတ်လူမျိုးများက မဟာယနဗုဒ္ဓဘာသာနှင့် ၎င်းတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာကြသည်။ မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ရှမ်းတိုင်းရင်းသားဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများကို နေရာအနှံ့တွေ့နိုင်သလို အစ္စလာမ်ဗလီများ၊ ဟိန္ဒူ နှင့် ဂေါ်ရခါးဘုရားကျောင်းများ အပါအဝင် တရုတ်ဘုံကျောင်းများလည်းရှိသည်။ စာပေ နှင့် ယဉ်ကျေးမှုရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အပါအဝင် အခြားတိုင်းရင်းနယ်ခံများ၏ယဉ်ကျေးမှုများကိုလည်း လွတ်လပ်စွာ ခွင့်ပြုထားရှိသည်။ မြို့တော်ခန်းမ နှင့် ပြဇာတ်ရုံတစ်ခုလည်း ရှိသည်။ မြန်မာစာနှင့် စကား ၊ ရှမ်းစာပေနှင့် စကား တို့မှာ အသုံးများပြီး တရုတ်စကားမှာလည်း တွင်ကျယ်သော စာပေနှင့် စကားအဖြစ်သုံးစွဲကြသည်။ ဆက်သွယ်ရေးတရုတ်နိုင်ငံနှင့်ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသဖြင့် ကားလမ်းမှာ အများဆုံးအသုံးပြုသည့် သွားလာဆက်သွယ်ရေး ဖြစ်သည်။ ထို့ပြင် မန္တလေး-လားရှိုး ရထားလမ်း၏ အဆုံးမြို့လည်းဖြစ်သဖြင့် မီးရထားဖြင့်လည်း သွားလာနိုင်သည်။ ရာသီမရွေးအသုံးပြုနိုင်သည့် လေယာဉ်ကွင်းတစ်ခုလည်းရှိသည်။ ရာသီဥတုတောင်ပေါ်ဒေသဖြစ်သည့်အတွက် ကြမ်းတမ်းသည့် ရာသီဥတုမျိုးရှိသည်။ ဆောင်းတွင်းကာလများတွင် ရေခဲမှတ်ထိရောက်ရှိနိုင်ပြီး။ မိုးရာသီတွင်လည်း ရက်ရှည်မိုးရွာသွန်းမှုမျိုးကို ကြုံရတတ်သည်။ နွေဦးကာလများတွင် အနည်းငယ်သာယာပြီး နွေလယ်ပိုင်းတွင် အပူချိန်အတန်ငယ်မြင့်တတ်သည်။ အားကစားပြည်နယ်အဆင့် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုလည်းရှိသည်။ ရပ်ကွက်အလိုက် အခြားဘောလုံးကွင်းငယ်များလည်းရှိသည်။ ဘောလုံး နှင့် ဘက်စကတ်ဘောမှာ လူကြိုက်များသည့် အားကစားများဖြစ်သည်။ ထို့ပြင် သေနတ်ပစ်ကွင်း၊ ရေကူးကန် နှင့် လားရှိုးဂေါက်ကွင်းတို့လည်း ရှိသည်။ နိုင်ငံတကာ အဆင့်မီ စားပွဲတင်တင်းနစ် (Table Tennis) နောင်ရိုး ကလပ်လည်းရှိသည်။ စေတီပုထိုးများ
အထင်ကရနေရာများ![]() ![]()
လားရှိုးမြို့လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်၏ ရုံးစိုက်မြို့ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ် သည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂၈ဝဝ ထက်တွင် တည်ရှိသည်။ လားရှိုးမြို့သည် မန္တလေးမှ ခွဲထွက်လာသော မီးရထားလမ်းတစ် ကြောင်း၏ အဆုံးဘူတာဖြစ်သည်။ မန္တလေးမှ ရထားလမ်းအားဖြင့် ၁၇၅ မိုင် ကွာဝေးသည်။ သို့သော် ဘူတာရုံသည် မြို့နှင့်နှစ်မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိသည်။ နေ့စဉ် မီးရထားများရှိသည့်အပြင် မေမန်းသယ်ယူပို့ ဆောင်ရေးမှ ခရီးသည်တင်မော်တော်ကားကြီးများကလည်း ခရီးသည်များကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ထိုမျှသာမကသေး ရှမ်းပြည်နယ် ရှိ အခြားမြို့များဖြစ်သော သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မိုင်းရယ်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ စသောမြို့များသို့လည်း နေ့စဉ်အချိန်မှန် ခရီးသည်တင်ကားများ ပြေးဆွဲလျက်ရှိသည်။ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်လည်းရှိသဖြင့် သွားလာမှု ပို၍လွယ်ကူ လေသည်။ ခရိုင်ရုံး စိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အစိုးရအထက်တန်းကျောင်များ၊ ဆေးရုံ၊ အပန်းဖြေဥယျာဉ်၊ ဧည့်ဂေဟာ၊ ဧည့်သည်များ တည်းခိုရာ အိမ်များနှင့် တိုက်တာအဆောက်အအုံ အိမ်ကြီးအိမ်ကောင်းများ ရှိသည်။ လားရှိုးမြို့သည် သို့အားဖြင့် စည်ကားသော ရှမ်းမြို့တစ်မြို့ဖြစ် သည်။ ရာသီဥတုလည် မျှတကောင်းမွန်သည်။ သစ်တောများ ဝိုင်းလျက်ရှိ သောကြောင့် စိုပြည်စိမ်းလန်း၍ ရှုခင်းသာသည်။ လားရှိုးမြို့၌ ရှမ်း၊ ဗမာ၊ ပလောင်၊ ကချင်၊ လီရှော၊ ရှမ်းတရုတ်၊ ကုလား စသည့်လူမျိုးပေါင်းစုံ နေထိုင်သည်။ လူဦးရေမှာ ၃ဝ၁ဝ၉ (၁၉၆၇ ခုနှစ်) ယောက်ရှိသည်။ လားရှိုးနှင့် နှစ်မိုင်ခန့်အကွာတွင် မန်ဆူစေတီတော်တစ်ဆူ တည် ရှိသည်။ ရှေးမင်းများလက်ထက်က နတ်သိကြားများကိုယ်တိုင် တည်သည်ဟု အဆိုရှိသည်။ သုံးမိုင်ခန့်အကွာတွင် ရေပူတွင်းများရှိ၍ အချိန်မရွေး သွားနိုင်သည်။ ၂၇ မိုင်ခန့် ဝေးကွာသောအရပ်တွင်လည်း ထင်ရှားသော သိန္နီရေပူစခန်းရှိသည်။ ဗြိတိသျှလက်ထက်ကမူ လားရှိုးမြို့သည် စစ်တပ်စခန်းမြို့ဖြစ်သည်။ ယခင်အခါ စော်ဘွားများကြီးစိုးစဉ်က လားရှိုးမြို့သည် သိန္နီနယ်တွင် ပါဝင်၍ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော်လည်း ၁၉၄ဝ ပြည့်နှစ်ထိ လူဦးရေ ၃၅ဝဝ ခန့်သာရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်များမဆုတ်ခွာမီက တရုတ်-မြန်မာ လမ်းမကြီးကို ဖွင့်လှစ်လိုက်သောအခါ လမ်းမကြီးပေါ်တွင် တည်ရှိသော လားရှိုးမြို့သည် နေ့ခြင်းညခြင်းပင် စည်ကားလာပေတော့သည်။ စစ်အတွင်းက ဗုံးဒဏ်ပြင်းထန်စွာခံခဲ့ရ၍ တလင်းပြင်တမျှ ကျန်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြန်လည်၍ မြို့ကို တည်ထောင်နိုင်ခဲ့သောကြောင့် ယခုအခါ စည်ကားနေပေပြီဖြစ်သည်။[၁] သို့သော်ငြားလည်း၂၀၂၄ဇူလိုင်လအတွင်းမှစတင်၍ဖြစ်ပွားခဲ့သောတပ်မတော်နှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်တို့တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့်ယခုလက်ရှိမြို့မှာမြို့ပျက်ကြီးသဖွယ်ဖြစ်နေရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia