ကိုဩဒိနိတ်: 6°55′N 158°15′E / 6.917°N 158.250°E / 6.917; 158.250
မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုသည် ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပြည်နယ် ၄ ခု ပါဝင်ပြီး ၎င်းတို့မှာ ယပ်၊ ချု၊ ဖွန်ပေ နှင့် ကော့စ်ရဲတို့ ဖြစ်ကြသည်။ အနောက် ပစိဖိတ်သမုဒ္ဒရာ အတွင်းမှ ကျွန်းပေါင်း ၆၀၇ ကျွန်း ပါဝင်ပြီး စုစုပေါင်း ၇၀၀ စတုရန်း ကီလိုမီတာခန့် ရှိကာ ကီလိုမီတာ ၂၇၀၀ အတွင်းတွင် လောင်ဂျီကျု မျဉ်းအတိုင်း ဖြန့်ကျက် တည်ရှိကြသည်။ အီကွေတာ၏ မြောက်ဘက်စွန်းတွင် ရှိပြီး ဟာဝိုင်ယီကျွန်းမကြီးမှ အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင်) ခန့်အကွာ၊ ဩစတေးလျနိုင်ငံ၏ မြောက်ဘက် ၂၉၀၀ ကီလိုမီတာ (၁၈၀၂ မိုင်) အကွာတွင် တည်ရှိသည်။ ပါပူအာနယူးဂီနီနိုင်ငံ၏ အရှေ့မြောက်ဘက်၊ ဂူအမ်ကျွန်း နှင့် မာရီယာနာကျွန်းတို့၏ တောင်ဘက်၊ နအူးရူးနိုင်ငံ နှင့် မာရှယ်အိုင်းလန်းနိုင်ငံ တို့၏ အနောက်ဘက်၊ ပလောနိုင်ငံ နှင့်ဖိလစ်ပိုင်နိုင်ငံတို့၏ အရှေ့ဘက်တွင် တည်ရှိသည်။
ကိုးကား