မောင့်မူပိုင်ရှင် (၂၀၀၀ ရုပ်ရှင်)

မောင့်မူပိုင်ရှင် ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၀ ခုနှစ်တွင် ဒါရိုက်တာ ကိုစန်းအောင် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ၁၉၆၄ ခုနှစ်က မန္တလေးရုပ်ရှင်မှ ဒါရိုက်တာအောင်ဝင်း ရိုက်ကူးခဲ့သော မောင့်မူပိုင်ရှင် ဇာတ်ကားကို သရုပ်ဆောင် ဒွေး၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦးတို့ဖြင့် ပြန်လည်ရိုက်ကူးခဲ့သည်။ ဒုတိယအကြိမ် ရိုက်ကူးသော မောင့်မူပိုင်ရှင်ဇာတ်ကားသည် ဝင်ငွေစံချိန်တင် အောင်မြင်ခဲ့သည်။ သို့သော် နာမည်ကြီးကြော်ငြာများစွာ ရိုက်ကူးခဲ့သည့် ကြော်ငြာဒါရိုက်တာ ကိုစန်းအောင်သည် ရုပ်ရှင်ရုံမတင်ခင်မှာပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ဒုတိယအကြိမ် ရိုက်ကူးသော မောင့်မူပိုင်ရှင်သည် ဒါရိုက်တာကိုစန်းအောင်၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သလို နောက်ဆုံးရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပေသည်။ ၎င်းရုပ်ရှင်ဇာတ်ကားကြီးဖြင့် ၂၀၀၀ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို သန်းညွန့်(ပန်သာ)မှ ရရှိခဲ့သည်။[]

ကိုးကား

  1. The New Light of Myanmar။ 12 September 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2017 တွင် ပြန်စစ်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya