မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတော်ကြီးများ
မော်လတာရှိ ကျောက်ဆစ်ဘုရားကျောင်းတောင်ကြီးများ သည် သမိုင်းမတင်မီခေတ်က တည်ဆောက်ခဲ့သော ဘုရားကျောင်းများ ဖြစ်ပြီး အချို့မှာ ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်သည်။ [၁]ဘီစီ ၃၆၀၀ မှ ဘီစီ ၇၀၀ အတွင်း ထင်ရှားသော ခေတ် ၃ ခေတ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ ကျွန်းနိုင်ငံတစ်ခု ဖြစ်သော မော်လတာနိုင်ငံ တွင် တည်ရှိသည်။ [၂] ထိုအဆောက်အဦးများအား ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အထောက်အကူမပါ ရပ်တည်နေသော အဆောက်အဦးများဟု ဆိုကြသော်လည်း[၃]တူရကီနိုင်ငံရှိ မြေကြီးအောက်သို့ အစိတ်အပိုင်းမျာစွာ မြုပ်ဝင်နေသော ဂိုဘယ်ကီ တီပီ အဆောက်အဦးက ပို၍ ရှေးကျသည်ဟုလည်း ဆိုကြသည်။[၄][၅] ရှေးဟောင်းသုတေသန ပညာရှင်များက ထိုအဆောက်အဦးများသည် ယဉ်ကျေးမှု တော်လှန်ရေး ကာလ အတွင်း ဒေသခံတို့၏ တီထွင်ကြံဆမှုကြောင့် ပေါ်ထွက်လာသည်ဟု ယုံကြည်ကြသည်။ [၆][၇] ထို့အတွက်ကြောင့် ချန်တီယာခေတ် (ဘီစီ ၃၆၀၀ မှ ၃၀၀၀ အတွင်း) အချို့သော ဘုရားကျောင်းများကို တည်ဆောက်ခဲ့ပြီး တာရှန် ဘုရားကျောင်း အဆောက်အဦး အစုအဝေး တစ်ခု ဖြစ်လာခဲ့ကာ ဘီစီ ၂၅၀၀ အထိ အသုံး ပြုခဲ့ကြသည်။ ထို့နောက်တွင် ဘုရားကျောင်း တည်ဆောက်သည့် ယဉ်ကျေးမှုမှာ ကွယ်ပျောက်ခဲ့သည်။ [၈][၉] ချန်တီယာ ဘုရားကျောင်းများ အနက် ၂ ခုကို ၁၉၈၀ တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [၁၀] ၁၉၉၂ ခုနှစ်တွင် ယူနက်စကိုမှ အခြားသော ကျောက်ဆစ်ဘုရားကျောင်းတော်ကြီး ၅ ခုအား စာရင်းတွင် ထပ်မံ ထည့်သွင်းခဲ့သည်။ ၎င်းတို့မှာ ကရန်ဒီ ရှိ ဟာဂျာအင် နှင့် နိုင်ဒရာ ၊ ယား ရှိ တာဟဂျရတ် ဘုရားကျောင်းတော်များ ၊ ဇီးဘစ်ရှိ စကော်ဘာဘုရားကျောင်းတော်များ ၊ တာရှန်ရှိ တာရှန် ဘုရားကျောင်းတော်များ တို့ ဖြစ်ကြသည်။ [၁၀] ယခုအချိန်တွင် ထိုဒေသများအား မော်လတာ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ စီမံခန့်ခွဲပြီး ပတ်ဝန်းကျင် နေရာများ၏ မြေပိုင်ဆိုင်မှုမှာမူ ဒေသ တစ်ခုနှင့် တစ်ခု ကွဲပြားသည်။[၁၁][၁၂] ထို့အပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် မပါဝင်သော အခြား ကျောက်ဆစ်ဘုရားကျောင်းတော်များလည်း ရှိသေးသည်။ ကိုးကား
|
Portal di Ensiklopedia Dunia