မျိုးပေါင်း

သက်ရှိနယ်ပယ် (ဇီဝဗေဒ)လောက (ဇီဝဗေဒ)မျိုးပေါင်းစုမျိုးပေါင်းမျိုးစဉ်မျိုးရင်းမျိုးစုမျိုးစိတ်
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ မျိုးပေါင်းစု (Phylum) တစ်ခု၏အောက်တွင် မျိုးပေါင်း (class) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။

သတ္တဝါအမျိုးမျိုးကို ဇီ၀ဗေဒသုံး မျိုးတူစု အုပ်စုခွဲမှုအားဖြင့် မျိုးပေါင်း (သို့) မျိုးဂိုဏ်း (အင်္ဂလိပ်: class (biology)) ဆိုသည်မှာ — မျိုးပေါင်းစု(Phylum)ကြီး တခုခုအတွင်းရှိ ပိုမိုဆင်တူရာ မျိုးအုပ်(order)များကို စုစည်း‌‌ခေါင်းစဉ်ပြုခြင်း ဖြစ်၏။ သာဓကအားဖြင့် နို့တိုက်သတ္တဝါများ မျိုးပေါင်း(မျိုးဂိုဏ်း) ခေါင်းစဉ်အောက်၌ (ခွေး၊ ကြောင်တို့ ပါဝင်ရာ) အသားစား သတ္တဝါများ မျိုးအုပ်၊ (လူ၊ မျောက်တို့ ပါဝင်ရာ) ပရိုင်းမိတ် မျိုးအုပ် စသည်ဖြင့် စာရင်းရှိအံ့။ ကျောရိုးရှိတတ်သတ္တဝါများ (ဝါ) ကော်ဒိတ်များ မျိုးပေါင်းစု(မျိုးအုံ)ကြီး အတွင်း ပါရှိသည့် ၎င်း နို့တိုက်သတ္တဝါများ" အပြင် အခြားသော မျိုးပေါင်း(မျိုးဂိုဏ်း) ကြီးများမှာ ငှက်ငါး စသည်တို့ ဖြစ်မည်။

ဇီဝမျိုးရိုးခွဲခြားခြင်းဆိုင်ရာ အဓိကအဆင့်များ၊ နယ်ပယ်(Domain)၊ လောက(kingdom)၊ မျိုးပေါင်းစု(phylum)၊ မျိုးပေါင်း(class)၊ မျိုးစဉ်(order)၊ မျိုးရင်း(family)၊ မျိုးစု(genus)၊ မျိုးစိတ်(species)။ မြေခွေးနီ၏ ဇီဝမျိုးရိုးခွဲပုံအဆင့်များကို ဤပုံတွင် နမူနာအနေဖြင့် ယှဉ်ကြည့်နိုင်ရန် ပြထားသည်။

ဆင်းသက်လာပုံအရ အထက်/အောက် အဆင့်သတ်မှတ်ချက်များ

အခြား အမျိုးအစားများ၏ အခြေခံအဆင့်သတ်မှတ်ချက်များကဲ့သို့ပင် “မျိုးပေါင်း” အဆင့်ကိုလည်း ထပ်၍ ခွဲခြမ်းစိတ်ဖြာနိုင်သည်။ နမူနာအချို့အား အောက်တွင် ကြည့်ပါ။[မှတ်စု ၁]

အမည် ထိပ်စီးစာလုံး၏ အဓိပ္ပာယ် နမူနာ-၁ နမူနာ- ၂ နမူနာ-၃[] နမူနာ-၄
မျိုးပေါင်းကြီး

(Superclass)

အထက်။ အပေါ်ဆင့်

(Super: above)

ခြေလေးချောင်း သတ္တဝါ ခြေလေးချောင်း သတ္တဝါ
မျိုးပေါင်း

(Class)

နို့တိုက်သတ္တဝါ Maxillopoda ငှက် Diplopoda
မျိုးပေါင်းခွဲ

(Subclass)

အခွဲ။ ခွဲခြမ်း

(Sub: under)

Theria Thecostraca Chilognatha
မျိုးပေါင်းငယ်

(Infraclass)

အောက်။ အောက်ဆင့်

(Infra: below)

Cirripedia Neognathae Helminthomorpha
မျိုးပေါင်းအခြေ

(Subterclass)

အခြေ။ အောက်ခြေ

(Subter: below, underneath)

Colobognatha
မျိုးပေါင်းသေး

(Parvclass)

ငယ်။ သေးငယ်၊ အရေးမပါ

(Parvus: small, unimportant)

Neornithes
-

မှတ်စုများ

  1. ဤအဆင့်သတ်မှတ်ချက်များသည် အချို့တက်ဆွန်များတွင်သာ အသုံးပြုခြင်းဖြစ်သည်။ တက်ဆွန်တိုင်း၌ အသုံးပြုခြင်းမျိုးမဟုတ်ပါ။

ကိုးကား

  1. Classification according to Systema Naturae 2000, which conflicts with Wikipedia's classification. The Taxonomicon: Neornithes။ 3 December 2010 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya