(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ နယ်ပယ် (domain) တစ်ခု၏အောက်တွင် လောက (kingdom) တစ်ခုဖြစ်စေ၊ အများဖြစ်စေ ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့်၊ လောက (သို့မဟုတ် ရောမှားမှု ပိုနည်းစေမည့် ဇီဝဗေဒအသုံးအနှုန်း အဖြစ်) မျိုးဘုံ (အင်္ဂလိပ်: Kingdom) သည် — နယ်ပယ် (ခေါ်) မျိုးဘုံစု တခုခုအတွင်းရှိ ပိုမိုဆင်တူရာ မျိုးပေါင်းစု(မျိုးအုံ) များကို ခြုံငုံကာ ခေါင်းစဉ်လိုက်ပေးထားခြင်း ဖြစ်၏။
အမျိုးစာရင်း သတ်မှတ်ထားကြပုံများ
အမေရိကန်ပြည်ထောင်စု၏ ပြဋ္ဌာန်းစာအုပ်များတွင် မျိုးဘုံကြီး ၆ ခု (the 6 Kingdoms) အဖြစ်
- သတ္တဝါ မျိုးဘုံ (Kingdom of Animals)
- အပင် မျိုးဘုံ (Kingdom of Plants)
- မှို မျိုးဘုံ (Kingdom of Fungi)
- ပရိုတစ်တာIပရိုးတစ်စ် မျိုးဘုံ
- အာခီးယား မျိုးဘုံ
- ဘတ္တီးရီးယား မျိုးဘုံ
ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိက နှင့် အိန္ဒိယ စသည့် နိုင်ငံအချို့တွင်မူ မျိုးဘုံကြီး ၅ ခု အဖြစ်
- သတ္တဝါ
- အပင်
- မှို
- ပရိုတစ်တာ
- မိုနီရာ တို့ကို စာရင်းပြုကြသည်။
ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်း(cladistics)ကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်'လောက' ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။
ဇီဝမျိုးရိုးခွဲခြားခြင်း အဓိကအဆင့်များ - နယ်ပယ်(Domain)၊ လောက(kingdom)၊ မျိုးပေါင်းစု(phylum)၊ မျိုးပေါင်း(class)၊ မျိုးစဉ်(order)၊ မျိုးရင်း(family)၊ မျိုးစု(genus)၊ မျိုးစိတ်(species)။ ပုံတွင်နမူနာအနေဖြင့် မြေခွေးနီ၏ ဇီဝမျိုးရိုးခွဲပုံအဆင့်များကို ယှဉ်ကြည့်နိုင်ရန်ပြထားသည်။
သမိုင်း
အကျဉ်းချုပ်
ဇီဝဗေဒ လောက (Kingdom) အဆင့်ကို သက်ရှိရုပ်စု (organisms) များအား
အုပ်စုဖွဲ့ရာ၌ အသုံးဝင်သောနည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေဆဲသော်လည် သဘောထားကွဲလွဲမှု ပြဿနာအချို့ရှိဆဲဖြစ်သည်။ အဆိုပါ ပြဿနာတို့မှာ -
- Protozoa ကဲ့သို့သော လောကအဆင့်ကို ဇီဝဗေဒကလိတ်ဒ် (clade)အဖြစ် ယူမည့်အစား ဇီဝဗေဒဂရိတ်(grade)အဖြစ် ကိုယ်စားပြု ဖော်ပြကြသဖြင့် phylogenetic classification စနစ်များမှ လက်မခံပါ။
- ယူကဲရီးယုတ်စ် (eukaryotes) ကို လတ်တလောသုတေသနများ၏ တွေ့ရှိချက်များအပေါ် မူတည်လျှင် မည်သည့် လက်ရှိ မျိုးရိုးခွဲခြားခြင်းစနစ်များအရ အုပ်စုခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သေးပါ။ ၂၀၁၀-ခုနှစ် ဧပြီလအထိ သိရှိချက်များအရ မည်သည့် လောက (Kingdom) အဆင့် အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုရရှိရန် လုံလောက်သော သုတေသန အထောက်အထားများ မရှိသေးပါ။ ၂၀၀၉-ခုနှစ်တွင် Andrew Roger နှင့် Alastair Simpson တို့က ရှာဖွေတွေ့ရှိမှုအသစ်များကို ဆန်းစစ်ရာတွင် ဂရုတစိုက်နှင့် လုံ့လဝီရိယအထူးရှိရန် လိုအပ်ကြောင်းကို "ယူကဲရီးယုတ် (eukaryote) သက်ရှိအုပ်စုလမ်းကြောင်း (tree of life)နှင့် ပတ်သက်သော ကျွန်ုပ်တို့၏ လက်ရှိနားလည်မှုမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှုကြောင့် သတိအထူးထားကာ ဆက်လက်လုပ်ဆောင်သင့်သည်။"ဟု အလေးပေး ပြောကြားခဲ့သည်။[၁]
ကိုးကား