မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်
IUCN Red List ၏ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်[၁][၂] (Vulnerable species - VU)[၃] ဆိုသည်မှာ ဇီဝမျိုးစိတ် တစ်ခု (ဝါ) တစ်စုသည် ၎င်းတို့၏ရှင်သန်နေထိုင်မှုနှင့် ပေါက်ဖွားမှုတို့အား ခြိမ်းခြောက်ခံနေရခြင်းမျိုးမရှိဘဲ မဝေးတော့သည့် အနာဂတ်ကာလ၌ မျိုးသုဉ်းမှုအန္တရာယ် ကျရောက်လာနိုင်ကြောင်းကို ၎င်းမျိုးစိတ်အပေါ်သို့ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ထိန်းသိမ်းစောင့်ရှောက်ရေးအဆင့်အတန်းသတ်မှတ်ပေးခြင်းဖြစ်သည်။[၃] မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်စွမ်းသည် အဓိကအားဖြင့် မျိုးစိတ်များ၏ နေထိုင်ကျက်စားရာ နေရာများဆုံးရှုံးခြင်း (သို့) ပျက်စီးခြင်းတို့ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်များသည် ၎င်းတို့အပေါ်သို့ အန္တရာယ်ကျရောက်မှု ပိုမိုဆိုးရွားလာနိုင်သောကြောင့် သူတို့၏ ဒေသရင်းနယ်မြေများအား စောင့်ကြပ်ကြည့်ရှုပေးရန် လိုအပ်သည်။ ဤအဆင့်အတန်းမျိုး သတ်မှတ်ပေးရသည့် မျိုးစိတ်များ၏ အများစုသည် လူသားများ ဖမ်းယူမွေးမြူလေ့ရှိသော (သို့) ယူဆောင်စိုက်ပျိုးလေ့ရှိသော မျိုးစိတ်များ ဖြစ်ကြသည်။ ![]() လက်ရှိတွင် ဤအဆင့်အတန်းအား တိရစ္ဆာန်မျိုးစိတ်ပေါင်း (၅၁၉၆) မျိုးနှင့် အပင်မျိုးစိတ်ပေါင်း (၆၇၈၉) မျိုးကို သတ်မှတ်ပေးထားပြီးဖြစ်ရာ ၁၉၉၈ ခုနှစ်ထိ တိရစ္ဆာန်မျိုးစိတ် (၂၈၁၅) မျိုးနှင့် အပင်မျိုးစိတ် (၃၂၂၂) မျိုး သတ်မှတ်ခဲ့မှုနှင့် အရေအတွက်ခြင်း နှိုင်းယှဉ်ကြည့်နိုင်သည်။ [၄] သတ္တဝါ မျိုးရိုးဗီဇ အရင်းအမြစ်များ အေးခဲထိန်းသိမ်းခြင်း (Cryoconservation of animal genetic resources) ကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ကိစ္စရပ်များသည် မျိုးသုဉ်းမှုအန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်မှုများကို အကောင်အထည်ဖော်နိုင်စေခဲ့သည်။ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းသည် ဤအဆင့်အတန်းအား မျိုးစိတ်များအပေါ် သတ်မှတ်ရာတွင် စံချိန်စံနှုန်းများစွာဖြင့် တိုင်းတာလေ့ရှိသည်။ နောက်ထပ်ကြည့်ရန်
ပြင်ပလင့်များ
ကိုးကား
|
Portal di Ensiklopedia Dunia