မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်
![]() ![]() IUCN Red List ၏ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်[၂][၃] ( Endangered - EN )[၄] ဆိုသည်မှာ အကောင်ရေ လျော့နည်းသွားသည့် အတွက်ကြောင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် အမဲလိုက်စားသုံးရန် အခြေအနေများ ပြောင်းလဲသွားသည့်အတွက်ကြောင့် လည်းကောင်း မျိုးသုဉ်းရန်အတွက် စိုးရိမ်ရသည့်အခြေအနေရှိသော သတ္တဝါများကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ ၂၀၀၆ ခုနှစ်တွင် ရရှိထားသော နမူနာများပေါ်မူတည်၍ မျိုးသုဉ်းရန် စိုးရိမ်ရသည့်အခြေအနေရှိသော သတ္တဝါ ရာခိုင်နှုန်းမှာ သက်ရှိအားလုံး၏ ၄၀ ရာခိုင်နှုန်း ရှိသည်ဟု တွက်ချက်ထားသည်။ နိုင်ငံအတော်များများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ်တွင် မူတည်နေသော သတ္တဝါများကို ကာကွယ် စောင့်ရှောက်ရန် ဥပဒေများ ပြဋ္ဌာန်းထိန်းချုပ်ထားကြသည်။ ဥပမာအားဖြင့် အမဲလိုက်ခြင်းကို တားမြစ်ခြင်း၊ မြေလွတ်မြေရိုင်းချဲ့ထွင်ခြင်းကို ကန့်သတ်ထားခြင့်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ထားခြင်း တို့ ဖြစ်ကြသည်။ မျိုးသုဉ်းရန် စိုးရိမ်ရသော သတ္တဝါများထဲမှ ပန်ဒါဝက်ဝံကြီး ကဲ့သို့သော သတ္တဝါ အချို့သာလျှင် စာရင်းထဲတွင် ပါဝင်ပြီး တရားဥပဒေ ကြောင်းအရ ကာကွယ် စောင့်ရှောက်ခြင်း ခံရသည်။ အခြားသော မျိုးစိတ် အတော်များများမှာ အများပြည်သူတို့၏ သတိပြုမှု မရရှိပဲ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အန္တရာယ် ရှိခြင်း စသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ထိမ်းသိမ်းခြင်း အခြေပြမျိုးစိတ် တစ်ခု၏ ထိမ်းသိမ်းခြင်း အခြေပြ (conservation status) သည် ၎င်း၏ မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် ဖြစ်နိုင်ခြေကို ဖော်ပြသည်။ ၎င်းကို တွက်ချက်ရာတွင် ကျန်ရှိနေသော အကောင်ပမာန သာမကပဲ အချိန်နှင့်အမျှ ဦးရေ ပြောင်းလည်းပုံ၊ မျိုးပွားနှုန်း၊ ရန်သူ စသည့် များစွာသော အခြေများကို ထည့်သွင်းတွက်ချက်သည်။ IUCN အနီရောင်စာရင်း သည် လူသိအများဆုံး စစ်တမ်း ဖြစ်သည်။ ကမ္ဘာအဝှမ်းမှ နိုင်ငံပေါင်း ၁၉၀ ကျော် ဇီဝမျိုးစိတ် ကျယ်ပြန့်ရေး လမ်းစဉ် (Biodiversity Action Plans) အဖြစ် ဝင်ရောက် လက်မှတ်ထိုးထားကြသည်။ အမေရိကားနိုင်ငံတွင် ပြန်လည် ထူထောင်ရေး လမ်းစဉ် လည်းရှိသည်။ IUCN မျိုးသုဉ်းရှားပါး သတ္တဝါများ စာရင်း (IUCN Red List of Threatened Species) သည် မျိုးသုဉ်းရှားပါး သတ္တဝါများအား စာရင်းအဖြစ်သာမကပဲ အန္တရာယ် အဆင့်အလိုက် ခွဲထားသည်။ IUCN ခွဲခြားမှုနှင့် အရေးကြီးမှုအရ မျိုးသုဉ်းရှားပါး သတ္တဝါများကို ထိခိုက်နိုင်ဖွယ်မှ အလွန်အန္တရာယ်ရှိအဆင့် အထိ ခွဲခြားထားသည်။ ကိုယ်ကျင့်တရား အမေးပုစ္ဆာများ၎င်းမျိုးသုဉ်းရှားပါး သတ္တဝါများကို လေ့လာရာတွင်သည်ပင် သဘာဝ ပတ်ဝန်းကျင် လေ့လာသူများသည် ၎င်းသတ္တဝါများ ပတ်ဝန်းကျင်မှ ပျောက်ကွယ်သွားမည် ကို စဉ်းစားခြင်း မပြုကြခြေ။ "သဘာဝ ပတ်ဝန်းကျင် အသိပညာ ရှာရာတွင် အဖိုးတန်သော ဇီဝကျင်လည်ရာ ဒေသ (ecosystem) ၏ ထုတ်ကုန်နှင့် ပံ့ပိုးမှုတို့ပါရှိသော ကမ္ဘာ့ ဇီဝ ကျယ်ပြန့်မှု (biodiversity) ကို ထိမ်းသိမ်းရာ၌ မကြာခဏ ကိုယ်ကျင့်တရား အမေးပုစ္ဆာများ ကြုံတွေ့ရသည်" မှာ မှန်းဆနိုင်သည်။[၅] ၎င်းအမေးပုစ္ဆာများမှာ ရှင်းလင်းစွာ မဖြေရှင်းနိုင်ပေ။ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းသူများသည် သဘာဝ ပတ်ဝန်းကျင် တစ်ခုလုံး ခြုံငုံ၍ ကြည့်ခြင်းဖြစ်ပြီး သတ္တဝါ တစ်ခုခြင်းစီကို ထိမ်းသိမ်းခြင်း မပြုပေ။ ထိုသို့ အကျယ်သဘောကို အလေးပြုခြင်းမှာ သတ္တဝါ တစ်ခုခြင်းစီ၏ တန်ဖိုးကို လျော့ကြစေသည်။ ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia