မြတ်ဟိန်း
ဦးမြတ်ဟိန်း သည် မြန်မာနိုင်ငံသား ဗိုလ်ချုပ်ကြီး ဟောင်းနှင့် တပ်မတော် (လေ) တွင် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂] ၂၀၀၁ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် (လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ဗိုလ်မှူးချုပ်အဖြစ် တိုးမြှင့်ခြင်း ခံရသည်။[၃] ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ယူခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူစဉ် ကာလအတွင်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့သည်။[၄][၅] ဦးမြတ်ဟိန်းသည် ဒေါ်ထွေးထွေးညွန့်နှင့် လက်ထပ်ခဲ့သည်။ ၁၃ ဖေဖော်ဝါရီ ၂၀၁၃ တွင် တပ်မတော်မှ အနားယူခဲ့ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာခဲ့သည်။[၆] ဦးမြတ်ဟိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြန်အသတ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia