ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ (ခ) USDPပါတီ)သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Union Solidarity and Development Party - USDPဟု လူသိများသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား အမည်နာမ ပြောင်းလဲဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအတိုက်အခံ ပါတီ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရား(political ideology)မှာ ကွန်ဆာဗေးတစ် ဝါဒနှင့် အမျိုးသားရေးဝါဒ ဖြစ်သည်။[၄][၅] နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ယာ ဖြစ်သည်။ လက်ရှိတွင် ရဲချုပ်ဟောင်း ဦးခင်ရီက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။ တပ်မတော်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ဖွဲ့စည်းထားခဲ့သောအသင်းကြီးဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ခုနှစ် ဇွန် ၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် ပါတီမှတ်ပုံတင်ကာ သီးခြားရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မြန်မာပြည်တဝှမ်း ၈၈၂ နေရာ အနိုင်ရခဲ့သည်။USDP ပါတီမှ ဦးသိန်းစိန်ကို လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ၂၀၁၁ ကတည်းက ၎င်းတို့ အစိုးရသည် ပြုပြင်ပြောင်းလဲရေးများကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ ထိုလုပ်ဆောင်ချက်များကို လိုလားခဲ့ကြသည်။ သို့သော် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ၌ NLD နှင့် ရင်ဆိုင်ရသည့်အခါများတွင် ရှုံးနိမ့်ခဲ့ရသည်။[၆][၇] ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD က USDP ကို အနိုင်ရပြီး အာဏာရလာသည်။၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် သုံးနေရာ၌ အနိုင်ရရှိခဲ့သည်။[၈] ရွေးကောက်ပွဲရလဒ်များအမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
သမိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပါတီလာလျှောက်စဉ်က ပါတီခေါင်းဆောင်မှာ ဦးသိန်းစိန်ဟု ဖော်ပြထားပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးဋ္ဌေးဦးဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ၂၀၁၅ ဩဂုတ်လ ၁၂ ရက်ညတွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ခဲ့ပြီး ယာယီပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း တို့မှာ ပါတီတွင် တာဝန်ယူထားသည့် ရာထူး အသီးသီးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။ ယင်းနောက် ပါတီဥက္ကဋ္ဌမှာ ဦးဋ္ဌေးဦး ဖြစ်လာခဲ့ပြီး အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးတင်နိုင်သိန်း ဖြစ်လာခဲ့သည်။ ယင်းအခြေအနေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဩဂုတ်လ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဟု အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။[၉] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ သူတို့ရဲ့ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဥက္ကဋ္ဌနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ယခင်ဥက္ကဋ္ဌ ဦးသိန်းစိန်နေရာမှာ ဦးသန်းဌေးကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ဦးသန်းဌေးဟာ ယခင် တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။[၁၀] ပါတီခေါင်းဆောင်များပါတီ ဥက္ကဋ္ဌ
လက်ရှိပါတီ ဖွဲ့စည်းပုံ
-ဦးတင်အောင်ချစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ကော်မတီဝင် ၄၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ပါတီ၏ လှုပ်ရှားမှုများဖြိုးစေတနာအခမဲ့ ဆေးခန်းများကို မြန်မာနိူင်ငံ၏ မြို့နယ်အများအပြားတွင်ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ သီဟသွေးလူငယ် သွေးလှူလူငယ်ကွန်ယက်လည်း ရှိသည်။ ဖြိုးမေတ္တာ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ထားခြင်း၊ ပညာရေး လုပ်ငန်းဆိုင်ရာများတွင် ဇေယျတုဖောင်းဒေးရှင်းအမည်ဖြင့် ပါတီဝင်မိသားစုဝင်များကို နှစ်စဉ်နှစ်တိုင်း ပညာရေးထောက်ပံ့စားရိတ်ပေးအပ်ခြင်း ပညာရေးဆိုင်ရာအထောက်အကူပစ္စည်းများနှင့် စာရေးကိရိယာများထောက်ပံ့ပေးခြင်းများရှိသည်၊ စာကြည့်တိုက်များ၊ အခမဲ့ စာသင်ကျောင်းများ၊ နည်းပညာ သင်တန်းပို့ချချက်များကို တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိသည်။ အသက်မွေးဝမ်းပညာရပ်ဆိုင်ရာ သင်တန်းများ၊နိူင်ငံရေးနှင့် စီမံခန့်ခွဲရေးသင်တန်းများ လူငယ်နှင့်အမျိုးသမီးဆိုင်ရာသင်တန်းများ ဘာသာစကားသင်တန်းများ နှင့် မီဒီယာသင်တန်း နိူင်ငံတကာနိူင်ငံရေးအသိပညာသင်တန်း ပထဝီနိုင်ငံရေးသင်တန်းများ၊ စည်းရုံးေရးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းများကို ပါတီဗဟိုသင်တန်းကျောင်းဖွင့်လှစ်သင်ကြားပေးမှုများ ရှိသည်။ ဆက်လေ့လာရန်
ကိုးကား
|
Portal di Ensiklopedia Dunia