မြန်မာဂီတာ

မြန်မာဂီတာ

ဂီတာ လို့ ပြောလိုက်ရင် အနောက်တိုင်းဇာတိ ကြိုး ၆ ချောင်းပါ ကြိုးတပ်တူရိယာ Guitar ကိုပဲ အရင်ဆုံး မြင်မိကြပေမယ်။

မြန်မာဂီတာ လို့ဆိုရင်တော့ အနောက်တိုင်းဂီတာပုံစံမျိုးပဲလို့ သိကြသူတွေများပါလိမ့်မယ်။ မြန်မာဂီတာ က အနောက်တိုင်းဇာတိ Slide Guitar (Lap Steele) နဲ့ ပုံစံချင်း အတူတူပါပဲ။

Slide Guitar ကို များသောအားဖြင့် လည်ပင်းမှာလွယ်ပြီး လက်ချောင်းမှာ စွပ်ထားတဲ့ ပိုက်လုံးကလေးနဲ့ လက်ကွက်တွေကို ဖိလို့ တီးပါတယ်။ မြန်မာဂီတာ မှာတော့ ဂီတာကို ပေါင်ပေါ်မှာ ပြားလိုက်တင်ပြီး လက်ကွက်တွေကို ကြေးပြားကလေးနဲ့ ဖိပြီး တီးပါတယ်။ Slide Guitar ကို ပေါင်ပေါ်မှာ တင်ပြီး ကြေးပြားနဲ့ တီးတာတွေလည်း ရှိပါတယ်။

မြန်မာဂီတာ က တစ်ခြား မြန်မာ့မွေးစားတူရိယာ (adopted musical instruments) မယ်ဒလင်၊ ဘင်ဂျို၊ တယော၊ ဒုံမင်း၊ ဗျပ်စောင်း တွေလိုပဲ မူရင်း တူရိယာတွေနဲ့ ကြိုးညှိတာရော တီးပုံ ဟန်ပန်တွေရော လုံးဝ ကွာခြားသွားတဲ့ မြန်မာ့တူရိယာ တစ်မျိုးဖြစ်လာခဲ့တာပါ။

အနောက်တိုင်းတူရိယာပညာရှင်တွေက မြန်မာသံညှိထားတဲ့ မြန်မာ့မွေးစားတူရိယာတွေ ကို မတီးနိုင်ကြတာအမှန်ပါပဲ။ ဒါကြောင့် မြန်မာဂီတာ လို့ပဲ ခေါ်လိုက်ချင်ပါတယ်။

ဒီကနေ့ မြန်မာဂီတာ တီးနိုင်သူအရေအတွက်ကို လက်ချိုးလို့ပဲ ရေတွက်နိုင်ပါတော့မယ်။

မြန်မာသံ သီချင်းတွေမှာတောင်မှ မြန်မာဂီတာသံ ကို ကြားရတာ နည်းပါးလာနေပါပြီ။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya