မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ
မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (အင်္ဂလိပ်: Union of Myanmar Economic Holdings Limited; အတိုကောက်၊ ဦးပိုင်) သည် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစု ဖြစ်သည်။[၁] ၁၉၉၀ ခုနှစ်တွင် စတင်ထည်ထောင်ခဲ့ရာ ယခုအချိန်၌ လုပ်ငန်းကြီးငယ် (၅၀) ခန့်ဖြင့် လည်ပတ်လျက်ရှိသည်။ ကနဦးတွင် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ဦးပိုင်နှင့် လက်ခွဲလုပ်ငန်း (၂၈) ခုကို အများပိုင်ကုမ္ပဏီအဖြစ် စာရင်းပြောင်းပြီးဖြစ်သည်။ယခင်အမည်မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် ဖြစ်သည်။ နောက်ခံသမိုင်း၁၉၅၀ အစောပိုင်းတွင် တပ်မတော်သားများအတွက် စားသုံးကုန်များ အဖိုးနှုန်းချိုသာစွာရောင်းချနိုင်ရန် DSI (Defence Services Institute) ကို တည်ထောင်သည်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရန် လုပ်ငန်းများတိုးချဲ့ရာ ၁၉၅၀ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်း ဖြစ်လာသည်။ ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီဥပဒေအရ ကုန်သွယ်ရေးအခွင့်ထူးများလည်း ရရှိသည်။ ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအား လည်ပတ်သည်။ အချို့မှာ နိုင်ငံရေးအစီအစဉ်များ၏ ရှေ့ပြေးလုပ်ငန်းများဖြစ်သည်။ ဥပမာအားဖြင့် မြဝတီပုံနှိပ်လုပ်ငန်းမှ မြဝတီစာစောင်ကို ထုတ်ဝေရာမှ ၁၉၅၂ ခုနှစ်တွင် ဖြန့်ချိသော မြဝတီမဂ္ဂဇင်းမှာမူ တပ်မတော်၏ စိတ်ဓာတ်စစ်ဆင်ရေးလက်နက်တစ်ခု ဖြစ်လာသည်။ ဂါဒီးယန်း (Guardian) သတင်းစာနှင့် ဂါဒီးယန်း မဂ္ဂဇင်းတို့ကိုလည်း ထုတ်ဝေခဲ့ရာ တပ်မတော်အားထောက်ခံသည့် စီးပွားရေးအခြေပြုစာနယ်ဇင်းများ ဖြစ်ခဲ့သည်။ ၁၉၆၀ အစောပိုင်းတွင် လုပ်ငန်းအများစုကို အသစ်ဖွဲ့စည်းသော မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း (Burma Economic Development Corporation) (အတိုခေါ် ဘီအီးဒီစီ) အောက်သို့ ထားရှိလိုက်သည်။ ၎င်းကော်ပိုရေးရှင်းကို ထိထိရောက်ရောက်စီမံခဲ့ရာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ အင်းဝဘဏ်၊ အင်းဝ စာအုပ်တိုက်မှသည် ဘီအီးအရက်ဆိုင်များအထိ ပါဝင်ခဲ့သည်။ လုပ်ငန်းများမှာလည်း အာဏာနှင့်ပေါင်းစပ်သည့် စီးပွားရေးလုပ်ငန်းများဖြစ်လေရာ အခွင့်ထူးများ ခံစားရသည်။ ဥပမာအားဖြင့် တပ်မတော်အရာရှိများ၏လစာကို အင်းဝဘဏ်မှသာ ထုတ်ယူစေခြင်း၊ စပါးစက်နှင့် စပါးများကို အုပ်ဝယ်၍ ပြည်ပပို့ခွင့် ရခြင်း၊ သွင်းကုန်လိုင်စင်များ အလွယ်တကူတောင်းနိုင်ခြင်း စသည်တို့ ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်လာရာ မြန်မာ့ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်တွင် ဘီအီးဒီစီပိုင် လုပ်ငန်းအားလုံး ပြည်သူပိုင်ဖြစ်သွားသည်။ ပြည်သူပိုင်သိမ်းချိန်၌ ဘီအီးဒီစီအောက်တွင် လုပ်ငန်း (၄၂) ခုရှိပြီး ဒီအက်စ်အိုင် အောက်တွင် လုပ်ငန်း (၅) ခု ရှိသည်။ စတင်ပေါ်ပေါက်လာခြင်း၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ်၊ အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း ကြော်ငြာစာအမှတ် ၇/၉၀ ဖြင့် ကြေညာသည်။ ၁၉၈၈ ခုနှစ်၊ အာဏာလွှဲယူပြီးနောက် တပ်မတော်မှတည်ထောင်သည့် ပထမဆုံး စီးပွားရေးလုပ်ငန်းဖြစ်သည်။ ဖရစ်ဝါနာ၊ ဒေဝူး (Daewoo) တို့နှင့် ဖက်စပ်လုပ်ကာ စတင်ခဲ့သည်။ ကနဦး ရင်းနှီးမှုပမာဏကနဦးအရင်းမှာ ကျပ် ကုဋေတစ်ထောင် ဖြစ်သည်။ ထိုပမာဏကို ကာကွယ်ရေးဝန်ကြီးဌာနက (၄၀) ရာခိုင်နှုန်း၊ တပ်မတော်သားများက (၆၀) ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ကြောင်း ကြော်ငြာစာတွင် ဖော်ပြထားသည်။ တပ်ရင်းတပ်ဖွဲ့များကို အင်အားကိုလိုက်၍ တပ်ကြီး သိန်း (၅၀၀)၊ တပ်လတ် သိန်း (၃၀၀)၊ တပ်ငယ် သိန်း (၂၀၀) အစုရှယ်ယာ ဝယ်ယူရန် သတ်မှတ်ထားသည်။ ဖွဲ့စည်းပုံဘုတ်အဖွဲ့ဝင် (၁၀) ဦးဖြင့် ခန့်ခွဲသည်။ တာဝန်ယူခဲ့သော ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှာ -
လုပ်ငန်းများဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်သည့် လုပ်ငန်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
အစုရှယ်ယာအမျိုးအစားများက-အဆင့် နှင့် ခ-အဆင့် ဟူ၍ နှစ်မျိုးခွဲခြားထားသည် -
နှစ်အလိုက် အမြတ်ငွေ ခွဲဝေမှုများဘဏ္ဍာရေးအနှစ် အစုရှယ်ယာရှင်များအား အမြတ်ငွေ ခွဲပေးမှုများမှာ အောက်ပါအတိုင်း ဖြစ်သည် -
လက်ပံတောင်းတောင် အရေးအခင်းအများပိုင်ကုမ္ပဏီသို့ ကူးပြောင်းခြင်း၂၀၁၆ ခုနှစ်၊ မတ်လတွင် အထူးကုမ္ပဏီအဖြစ်မှ ဦးပိုင်နှင့် အောက်ပါလုပ်ငန်း (၂၈) ခုကို မြန်မာနိုင်ငံကုမ္ပဏီများဥပေဒနှင့်အညီ ပြောင်းလဲလိုက်သည်။[၃][၄]
ကိုးကား
|
Portal di Ensiklopedia Dunia