အင်းဝဘဏ်လီမိတက်
![]() အင်းဝဘဏ် [၁] သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး တပ်မတော်မှ အဓိကပိုင်ဆိုင်သော ဘဏ်တစ်ခုဖြစ်သည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) အား ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်းဝဘဏ်ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အဓိကအသုံးပြုသည့်အပြင် အခြားဘဏ်များနည်းတူ ပြည်သူများသို့ ဘဏ်လုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ ရုံးချုပ်(ရန်ကုန်) သည် ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် တည်ရှိပြီး ရုံးချုပ်(နေပြည်တော်) သည် ကျိုင်းတုံလမ်း၊ အမှတ် (၃)၊ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။ ၂၀၂၃ ဇန်နဝါရီ စာရင်းအရ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဘဏ်ခွဲပေါင်း (၇၂)ခုဖွင့်လှစ်ထားသည်။ [၂] သမိုင်းအင်း၀ဘဏ်လီမိတက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၅.၅.၁၉၉၇ ရက်စွဲပါ လိုင်စင်အမှတ် - မဗပ/ပီ - ၂၀(၅)( ၉၇) ဖြင့်ရင်းနှီးမြုပ်နှံဘဏ် (သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ်အဖြစ် ၁၉၉၇ခု နိဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ဘဏ်ခွဲ ၇၂ ဘဏ်ထိ တိုးချဲ့ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးဖွင့်လှစ်သောဘဏ်ခွဲမှာ မင်္ဂလာဒုံဘဏ်ခွဲ(တပ်မတော်ဆေးတက္ကသိုလ်ရှေ့) ရန်ကုန်မြို့တွင်ဖြစ်သည်။ ဝန်ဆောင်မှုများ
ကိုးကား
|
Portal di Ensiklopedia Dunia