မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်

ပြည်ထောင်စုသမ္ပမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (အင်္ဂလိပ်: Catholic Bishops' Conference of Myanmar, CBM) သည် မြန်မာနိုင်ငံ၏ ကက်သလစ်သာသနာ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ဆရာတော်များ အဖွဲ့အစည်း ဖြစ်သည်။ ရုံးချုပ်သည် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊​ အမှတ်(၂၉၂-က) တွင် တည်ရှိသည်။

ဖွဲ့စည်းမှု

အဖွဲ့ချုပ်တွင် ကော်မရှင်များ၊ အေဂျင်စီများ၊ ကောင်စီများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို အတွင်းရေးမှူးအဖွဲ့မှ ကြီးကြပ်ပါသည်။ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံတွင် ဂိုဏ်းအုပ် ၁၆ ပါနှင့် လက်ထောက်ဂိုဏ်းအုပ်များ ပါဝင်သည်။ လက်ရှိ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌသည် ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘို ဖြစ်သည်။​

ယခင်ဥက္ကဋ္ဌများ

စဉ် ဥက္ကဋ္ဌ တာဝန်သက်တမ်း
ဂိုဏ်းချုပ် Victor Bazin ၊ MEP ၁၉၆၇ - ၁၉၆၉
ဂိုဏ်းချုပ် Gabriel Thohey Mahn-Gaby ၁၉၆၉ - ၁၉၇၆
ဂိုဏ်းချုပ် အယ်လ်ဖွန်စ် ဦးသန်းအောင် ၁၉၇၆ - ၁၉၈၂
ဂိုဏ်းအုပ် ဆရာတော် Paul Zingtung Grawng (နောင်ဂိုဏ်းချုပ်) ၁၉၈၂ - ၁၉၉၂
ဂိုဏ်းချုပ် Alphonse ဦးသန်းအောင် ၁၉၉၂ - ၁၉၉၄
ဂိုဏ်းချုပ် မဿိဦးရွှေ ၁၉၉၄ - ၂၀၀၀
ဂိုဏ်းချုပ် ချားလ်မောင်ဘို ၊ SDB (၆၀) ၂၀၀၀ - ၂၀၀၆
ဂိုဏ်းချုပ် Paul Zingtung Grawng ၂၀၀၆ - ၂၀၁၂
ဂိုဏ်းအုပ် ဆရာတော် John Hsane Hgyi ၂၀၁၂ - ၂၀၁၄.၀၇
၁၀ ဂိုဏ်းအုပ် ဆရာတော် Felix Lian Khen Thang ၂၀၁၄.၀၇ - ၂၀၂၀
၁၁ ကာဒီနယ်ရဟန်းအမတ် ချားလ်စ်မောင်ဘို ၂၀၂၀ - လက်ရှိ


ဆက်လက်ဖတ်ရှုရန်

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya