မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီသည် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ခရစ်ယာန်အသင်းတော်များနှင့် ခရစ်ယာန်အဖွဲ့အစည်းများ မိတ်သဟာယဖွဲ့ပြီး ခရစ်ယာန်သာသနာလုပ်ငန်းဆိုင်ရာများတွင် စုစည်းညှိနှိုင်းလက်တွဲဆောင်ရွက်ရန်အတွက် စတင်တည်ထောင်ခဲ့သည်။ ကောင်စီ၏ ရည်ရွယ်ချက်ခရစ်ယာန်ကောင်စီဆိုသည်မှာ ခရစ်ယာန်အသင်းတော်များ၊ ခရစ်ယာန်အဖွဲ့အစည်းများတို့၏ အဖွဲ့ချုပ်၊ အသင်းချုပ်မဟုတ်ပေ။ သက်ဆိုင်ရာ အသင်းတော်များ အသင်းအဖွဲ့များ အတူတကွ စုဝေးတိုင်ပင်နိုင်ရန်နှင့် အားလုံးတို့အတွက် အကျိုးတူလုပ်ငန်းများ ဖော်ထုတ်ကြရန်အတွက် စုစည်းထားသောအဖွဲ့တစ်မျိုးဖြစ်သည်။ ကောင်စီတွင် ပါဝင်ကြသောအသင်းတော်နှင့်အသင်းအဖွဲ့များအတွက် ဥပဒေပြုပြဋ္ဌာန်းနိုင်သောအခွင့်အာဏာမရှိပါ။ ရူပါရုံဘုရားသခင်၏သာသနာတော်မြတ်တည်းဟူသော မြန်မာနိုင်ငံရှိအသင်းတော်များ တစ်လုံးတစ်၀တည်းဖြစ်ခြင်း၊ လူသားတစ်ရပ်လုံးညီညွှတ်ခြင်းနှင့် တလောကလုံးပြည့်စုံကြွယ်၀သော အသက်တာအတွက်မြန်မာ့ရေခံမြေခံနှင့်လျှော်ညီစွာအသင်းတော်များအားလုံး စုစည်းလက်တွဲအစေခံဝန်ထမ်းရန်။ အဖွဲ့ဝင်များ
|
Portal di Ensiklopedia Dunia