ကမာရွတ်မြို့နယ်
ကမာရွတ်မြို့နယ် သည် ရန်ကုန်မြို့လယ်၏ မြောက်အလယ်ပိုင်းတွင် တည်ရှိသည်။ ကၟာရတ် - ဟူသော မွန်ဝေါဟာရက ဆင်းသက်သည်။ မွန်ဘာသာအရ ကၟာ - ရေလှောင်ကန်၊ ရတ် - ရတနာ၊ ရတနာကန်ဟု အဓိပ္ပာယ်ရသည်။ အင်းလျားကန်ကို ဆိုလိုသည်။ အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်-ဟု ခေါ်ဆိုခြင်း ဖြစ်သည်။[၁] ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။[၂] ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင် လှိုင်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ အရှေ့ဘက်တွင် အင်းယားကန်၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောက်ဘက်တွင် စမ်းချောင်းမြို့နယ်တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။ ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ပြည်လမ်းသည် ဤမြို့နယ်ကို ဖြတ်သန်းသွားသည်။ ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်(ရန်ကုန်)၊ တီတီစီလေ့ကျင့်ရေးကျောင်း၊သတင်းပြန်ကြားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ဆင်မလိုက်ဈေး၊ ဂျန်ရှင်းစကွဲစင်တာ၊ လှည်းတန်းစင်တာ၊ စိန်ဂေဟာ(လှည်းတန်း)၊ M Tower တည်ရှိသည်။ ထင်ရှားသော အဆောက်အဦးများကမာရွတ်မြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
ပုဂံဆောင် ။ အမရာဆောင်။ မဟော်သဓာဆောင်။ သံဗျင်ဆောင်။ အဓိပတိဆောင် အထင်ကရပုဂ္ဂိုလ်
ကိုးကား |
Portal di Ensiklopedia Dunia