မြန်မာနိုင်ငံဆရာဝန်အသင်း (Myanmar Medical Association) သည် မြန်မာဆရာဝန်များ ပါဝင်သည့် အစိုးရမဟုတ်သော၊ နိုင်ငံရေးအတွက်မဟုတ်သော၊ အကျိုးအမြတ်အတွက်မရည်ရွယ်သော၊ လွတ်လပ်သော၊ ပညာရှင်များဆိုင်ရာ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ [၁]
မြန်မာနိုင်ငံဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က စတင်တည်ထောင်ခဲ့သည်။
- ဗိုလ်မှူးကြီး ဒေါက်တာဘသော်
- ဒေါက်တာဘသန်းချိန်
- ဒေါက်တာဦးမောင်ကလေး
- ဒေါက်တာဦးဘသန်း
- ဒေါက်တာဦးမင်းစိန်
- ဒေါက်တာဒေါ်ရင်မေ
- ဒေါက်တာဦးမောင်မောင်ကြီး
- ဒေါက်တာချန်တိတ်
- ဒေါက်တာစိန်မောင်
- ဒေါက်တာဦးရွှေဇံ
- ဒေါက်တာဦးကိုကြီး
- ဒေါက်တာဦးဘသန်း (စကြာ)
- ဒေါက်တာဦးခင်မောင်ဝင်း
- ဒေါက်တာဦးဧ
- ဒေါက်တာဦးစန်းလွင်
- ဗိုလ်မှူးကြီး ဒေါက်တာမောင်မောင်သန်း
- ဒေါက်တာဦးဖေကျင်
- ဒေါက်တာဦးအောင်သိန်း
- ဒေါက်တာဦးကျော်မောင်
- ဒေါက်တာဒေါ်လှကြည်
- ဒေါက်တာဦးမောင်မောင်အေး
- ဒေါက်တာဦးမောင်မောင်တိတ်
- ဒေါက်တာဦးရွှေတင်
- ဒေါက်တာဒေါ်မြတ်ကြည်သန်း
- ဒေါက်တာဦးလှမြင့်
- ဒေါက်တာဦးခင်မောင်ညိမ်း
- ဒေါက်တာဦးတင်ဦး
- ဒေါက်တာဦးသက်ထားဝေ
- ဒေါက်တာဒေါ်ကြူကြူဆွေ
- ဒေါက်တာဦးရဲမြင့်
- ဒေါက်တာဦးမျိုးမြင့်
- ဒေါက်တာဦးကျော်မြင့်နိုင်
- ဒေါက်တာဦးရဲမြ
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း [၄]
ဖွဲ့စည်းပုံ
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၂၀-၂၀၂၂)[၅]
၁။ ပါမောက္ခထင်အောင်စော
|
ဥက္ကဋ္ဌ
|
၂။ ပါမောက္ခအေးအောင်
|
ဒုဥက္ကဋ္ဌ (၁)
|
၃။ ပါမောက္ခမြသီတာ
|
ဒုဥက္ကဋ္ဌ (၂)
|
၄။ ဒေါက်တာကျော်လင်း
|
အထွေထွေအတွင်းရေးမှူး
|
၅။ ပါမောက္ခခေမာမြ
|
တွဲဖက်အထွေထွေအတွင်းရေးမှူး
|
၆။ ပါမောက္ခယဉ်ယဉ်စိန်
|
ဘဏ္ဍာရေးမှူး
|
၇။ ပါမောက္ခရီရီခင်
|
တွဲဖက်ဘဏ္ဍာရေးမှူး
|
၈။ ပါမောက္ခယုဇနစောမြင့်
|
စာရင်းစစ်
|
၉။ ပါမောက္ခမာမာကြည်
|
အတွင်းရေးမှူး (Academic)
|
၁၀။ ပါမောက္ခချစ်စိုး
|
အတွင်းရေးမှူး (Social & Sport)
|
၁၁။ ပါမောက္ခစောဝင်း
|
အတွင်းရေးမှူး (Organization and Communication)
|
၁၂။ ပါမောက္ခယဉ်ယဉ်စိုး
|
အတွင်းရေးမှူး (Publication)
|
၁၃။ ဒေါက်တာသာထက်အောင်
|
အတွင်းရေးမှူး (Business Secretary)
|
၁၄။ ပါမောက္ခအေးမောင်ဟန်
|
အဖွဲ့ဝင်
|
၁၅။ ပါမောက္ခကျော်ဇင်ဝေ
|
အဖွဲ့ဝင်
|
၁၆။ ပါမောက္ခနွယ်နွယ်ဝင်း
|
အဖွဲ့ဝင်
|
၁၇။ ပါမောက္ခနန်းဖြူဖြူအောင်
|
အဖွဲ့ဝင်
|
၁၈။ ပါမောက္ခစန်းစန်းမြင့်
|
အဖွဲ့ဝင်
|
၁၉။ ဒေါက်တာအောင်ကျော်သူ
|
အဖွဲ့ဝင်
|
၂၀။ ပါမောက္ခအိအိခင်
|
အဖွဲ့ဝင်
|
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဗဟိုကောင်စီ [၆]
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်နယ်/တိုင်းဒေသကြီး [၇]
ဘာသာရပ်ဆိုင်ရာ အဖွဲ့ခွဲများ[၈]
ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများ
- မြန်မာဆေးပညာဂျာနယ် Myanmar Medical Journal
- မြန်မာနိုင်ငံဆရာဝန်အသင်း စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေး စာအုပ် MMA CME Book [၉]
- မြန်မာနိုင်ငံဆရာဝန်အသင်း သတင်းလွှာ Myanmar Medical Association Newsletter [၁၀]
မြန်မာဆေးပညာဂျာနယ် (Myanmar Medical Journal) သည် မြန်မာနိုင်ငံဆရာဝန်အသင်းက ၃ လ တစ်ကြိမ် ထုတ်ဝေသည့် ဆေးပညာဂျာနယ်ဖြစ်သည်။ ပထမဆုံးသော ဂျာနယ်ကို ၁၉၅၃ ခုနှစ် မေလ/ဇွန်လ က ထုတ်ဝေခဲ့ပြီး ဒေါက်တာ အာ အက်စ် ဂရီးဝေါ (Dr. R.S. Grewal) က တည်းဖြတ်ခဲ့သည်။ မူလစတင်ထုတ်ဝေစဉ်က Burma Medical Journal ဟုခေါ်သည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ Myanmar Medical Journal အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ [၁၁]
စာကြည့်တိုက်
မြန်မာနိုင်ငံဆရာဝန်အသင်း စာကြည့်တိုက်သည် အသင်းအဆောက်အဦ၊ ပထမထပ်တွင် တည်ရှိပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သည်။ စာကြည့်တိုက်တွင် ဆေးပညာဘာသာရပ်ဆိုင်ရာဂျာနယ် ၃၈ မျိုးခန့် စုဆောင်းထားရှိသည်။[၁၂]
ကိုးကား