မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေမြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ဟူ၍ နိုင်ငံသား အမျိုးအစား ၃ မျိုးကို အသိအမှတ်ပြုထားသည်။[၁][၂] ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ခဲ့သည့် နိုင်ငံသားများဆိုသည်မှာ "ဌာနေတိုင်းရင်းသား" နှင့် အဘိုးအဘွား "ဌာနေတိုင်းရင်းသား" မှ မွေးဖွားခဲ့သူများ သို့မဟုတ် ၁၉၄၂ ခုနှစ်မတိုင်မီ ဗြိတိသျှဘားမားတွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။[၃][၄] ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ အရ မြန်မာနိုင်ငံသားများအနေဖြင့် အမျိုးသားမှတ်ပုံတင် ကတ်ပြား (National Registration Card) ရရှိရန် လိုအပ်ပြီး နိုင်ငံသား မဟုတ်သူများကို နိုင်ငံခြားသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးသည်။[၅] ၁၉၈၉ ခုနှစ်တွင် အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုရန်အတွက် အမျိုးသားမှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များ (citizenship scrutiny card) ဖြင့် အစားထိုးရန်အတွက် တစ်နိုင်ငံလုံး နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။[၅] မြန်မာနိုင်ငံ၏ နိုင်ငံသားစနစ်တွင် သုံးမျိုးခွဲခြားထားသည်။ မြန်မာနိုင်ငံသားများ၏ ရပိုင်ခွင့်များသည် ၎င်းတို့နှင့် သက်ဆိုင်သည့် အမျိုးအစားပေါ် မူတည်ပြီး ဘိုးဘွားများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် အမျိုးအစားကို မည်သို့ရယူခဲ့သည်ကို အခြေခံ၍ ကွဲပြားသည်။
စာရွက်စာတမ်းများမြန်မာ အစိုးရသည် မြန်မာနိုင်ငံသားများနှင့် နေထိုင်သူများအားအတွက် သက်သေခံကတ်ပြား ပုံစံများစွာ ထုတ်ပေးထားသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားများ
နိုင်ငံသားစိစစ်ရေးကတ်ပြား (အင်္ဂလိပ်: Citizenship scrutiny cards) ကို မြန်မာနိုင်ငံသားအဖြစ် သက်သေခံရန်အတွက် ထုတ်ပေးသည်။[၅] နိုင်ငံသားများသည် အသက် ၁၀ နှစ်ပြည့်ပြီးပါက နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိရန် အရည်အချင်းပြည့်မီသည်။[၅] ကတ်များကို စက္ကူဖြင့် ထုတ်ပေးပြီး လက်ရေး ရေးသားထားကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး သို့မဟုတ် ရပ်ကွက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှ ထုတ်ပေးသည်။[၆] နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် အောက်ပါအချက်အလက်များ ပါဝင်သည်။[၅]
အခြားစာရွက်စာတမ်း အမျိုးအစားများအစိုးရက သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများ (national registration cards, NRC) ကိုလည်း ထုတ်ပေးထားသည်။[၅]တရုတ်၊ အိန္ဒိယနှင့် ရိုဟင်ဂျာနွယ်ဖွားများ အပါအဝင် နိုင်ငံသားမဟုတ်သူများအတွက် သက်သေခံနှင့် နေထိုင်ကြောင်း အထောက်အထားအဖြစ် ယာယီမှတ်ပုံတင်/သက်သေခံလက်မှတ်များကို ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ပေးခဲ့သည်။[၅] ၎င်းတို့ကို နိုင်ငံသားစိစစ်ရန်အတွက် စိမ်းပြာရောင် အထောက်အထားကတ်ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အစားထိုးခဲ့သည်။[၅] နိုင်ငံတွင်းနေထိုင်သည့် နိုင်ငံခြားသားများအား နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်များကို တစ်နှစ်သက်တမ်းဖြင့် ထုတ်ပေးသည်။[၅] မွေးဖွားကြောင်းလက်မှတ်များ (မွေးစာရင်း၊ အရှင်မွေးလက်မှတ်) ကို မြို့နယ်ကျန်းမာရေးအရာရှိများမှတဆင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသည်။[၅] မိသားစု၏ အိမ်ထောင်စုစာရင်းတွင် ကလေးအား ဖြည့်စွက်ရန်၊ မူလတန်းကျောင်းအပ်ရန်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရန်အတွက် မွေးဖွားကြောင်းလက်မှတ်ကို အသုံးပြုသည်။[၅] နှစ်ဖက်နိုင်ငံသားနိုင်ငံသားနှစ်မျိုး ဖြစ်ခွင့်ကို မြန်မာနိုင်ငံတွင် အသိအမှတ်မပြုထားပါ။ မြန်မာနိုင်ငံသားပြုမှု၁၉၄၈ ခုနှစ်ကတည်းက နိုင်ငံတွင်း နေထိုင်လာခဲ့သော နိုင်ငံခြားသားများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်သည်။[၇] ရိုဟင်ဂျာများအား နိုင်ငံသား ငြင်းပယ်ခြင်းမြန်မာဥပဒေသည် ရိုဟင်ဂျာများကို မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် တစ်ခုအဖြစ် မသတ်မှတ်ထားသောကြောင့်[၈] အများစုကို မြန်မာနိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားသည်။[၉] မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးများသည် "ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ" ဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယင်းထုတ်ပြန်ချက်ကို အသိအမှတ်မပြုသောကြောင့် ရိုဟင်ဂျာများကို နိုင်ငံမဲ့များ ဖြစ်စေခဲ့သည်။ ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia