ကျန်းမာရေး ဝန်ကြီးဌာန
ကျန်းမာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နစကမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဝန်ကြီးများလွတ်လပ်ရေးမရမီကာလ
ဖဆပလအစိုးရ (၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၈ စက်တင်ဘာလထိ)
အိမ်စောင့်အစိုးရ (၁၉၅၈ နိုဝင်ဘာမှ ၁၉၆၀ ဖေဖော်ဝါရီလ ၆ ရက်ထိ)
ပြည်ထောင်စုပါတီအစိုးရ (၁၉၆၀ ဖေဖော်ဝါရီမှ ၁၉၆၂ မတ် ၂ ရက်ထိ)
တော်လှန်ရေးကောင်စီအစိုးရ (၁၉၆၂ မတ် ၂ ရက်မှ ၁၉၇၄ မတ် ၁ ရက်ထိ)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ (၁၉၇၄ မတ် ၂ ရက်မှ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်ထိ)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၄ ရက်ထိ)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၁ မတ် ၃၀ ရက်ထိ)
ဦးသိန်းစိန် အစိုးရ (၂၀၁၁ မတ် ၃၁ မှ ၂၀၁၆ မတ် ၃၀ ထိ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ လက်ရှိ)
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ အားသွန်ဆောင်ရွက်လျက် ရှိသည်။ ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။ ၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia