မြန်မာသတင်းဌာနမြန်မာသတင်းဌာန (အင်္ဂလိပ်: Myanmar News Agency) သည် မြန်မာနိုင်ငံ၏ အစိုးရ တရားဝင်ပြန်ကြားရေး သတင်းဌာန တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ ထိုသတင်းဌာနကို တော်လှန်ရေးကောင်စီမှ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၁၉၆၃ ခုနှစ်တွင် News Agency Burma (NAB) အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၁][၂] ယခုအခါတွင် ထိုဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်တွင် တည်ရှိသည်။[၃] မြန်မာသတင်းဌာနသည် အစိုးရ၏ ကျင်းပသော ပွဲများကို ဓာတ်ပုံရိုက်ယူခွင့်ရှိသည့် တခုတည်းသောမီဒီယာဖြစ်သည်။ ပြည်တွင်းမြန်မာသတင်းသမားတို့သည် မြန်မာသတင်းဌာနကို ၎င်းတို့၏ သတင်းများတွင် ဓာတ်ပုံများ ထည့်သွင်းခွင့်ရရှိရေးအတွက် အမှီထားနေရသည်။ ထိုသတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် လည်ပတ်နေပြီး ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို ဆင်ဆာနှင့်ကိုက်ညီအောင် တည်းဖြတ်လေ့ရှိသည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်တွင် သတင်းစာသုံးစောင် ထုတ်ဝေပြီး လည်ပတ်နေသည်။[၄] ထို့ပြင် နိုင်ငံတကာသတင်းများအတွက် ရိုက်တာသတင်းဌာနနှင့် Press Trust of India ကိုအသုံးပြုပြီး[၅] နိုင်ငံတကာ သတင်းဌာနများနှင့် သတင်းဖလှယ်ရေးအတွက် ဆင်ဟွာ၊ ITAR-TASS၊ Yonhap၊ Kyodo၊ Tanjug၊ ANTARA၊ Khaosan Pathet Lao နှင့် Vietnam News Agency သတင်းဌာနတို့နှင့် သဘောတူညီချက် ချုပ်ဆိုထားသည်။[၆] မှတ်စုများ
ကိုးကား
|
Portal di Ensiklopedia Dunia