မြဝတီရုပ်မြင်သံကြား
မြဝတီရုပ်မြင်သံကြား သည် မြန်မာနိုင်ငံရှိ တပ်မတော်ပိုင် ရုပ်သံလွှင့် လုပ်ငန်းတစ်ခုဖြစ်သည်။ သမိုင်းကြောင်းမြဝတီရုပ်သံကြား အစီအစဉ်များကို ၁၉၉၅ ခုနှစ် မတ်လ ၂၇ ရက် (တပ်မတော်နေ့) တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၁၂ ခုနှစ် နေပြည်တော် ရှိ မြဝတီ ရုပ်သံလွှင့်ဌာန တည်ဆောက်ပြီးစီးနောက်ပိုင်းတွင် ရုပ်သံလိုင်း အသစ် ခြောက်လိုင်း ကို digital ရုပ်သံလိုင်းများ အဖြစ် တိုးချဲ့ထုတ်လွှင့်ခဲ့သည်။[၁]၂၀၂၀ခုနှစ် မတ်လတွင် မြဝတီရုပ်မြင်သံကြား လိုင်းများအား ကြည်လင်ပြတ်သားသော ရုပ်သံအရည်အသွေး(HD Format) ဖြင့် DVB-T စနစ် မှ DVB-T2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်နေသည်။ ရုပ်သံလိုင်းများမြဝတီရုပ်မြင်သံကြားလိုင်းများ အား နေ့စဉ် မနက် ၆နာရီ မှ ည ၁၂နာရီ အထိ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည်။
သုံးသပ်ချက်မြဝတီရုပ်မြင်သံကြားသည် တပ်မတော်ပိုင်သတင်းမီဒီယာဖြစ်သောကြောင့် စစ်သတင်းများကိုသာ အများအပြား တင်ဆက်သည်ကိုတွေ့ရသည်။ စစ်တပ်၏သတင်းများကိုသာ အဓိကအာရုံစိုက်ပြီး အစိုးရသတင်း တင်ဆက်မှုနှင့်ပတ်သက်၍ သိသိသာသာ တိုးလာခဲ့သည်ဟုဆိုသည်။ ၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈ ခုနှစ် မေလအထိ သုတေသန စစ်တမ်းတစ်ခုအရ သတင်းများ၏ ၆၅ ရာခိုင်နှုန်းမှာ တပ်မတော်သတင်းများဖြစ်၍ အစိုးရသတင်းများသည် ၂၁ ရာခိုင်နှုန်းရှိသည်။ ၂၀၁၈ မေလ ရလဒ်အရ မြဝတီတွင် ဖော်ပြခံရသည့် နိုင်ငံရေး ပါတီမှာ နှစ်ခုသာရှိခဲ့ပြီး NLD ပါတီသည် ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် USDP သည် ၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပြီး ဖော်ပြချက်အားလုံးသည် အကောင်းမြင်သည့် တင်ဆက်မှုများ ဖြစ်သည်ဟု အဆိုပါစစ်တမ်းက ဖော်ပြထားသည်။ မြဝတီရုပ်သံသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်ခိုက်မှုများကိုလည်း တင်ဆက်မှုရှိ၍ လားဟူနှင့် မွန်ပြည်သစ်ပါတီတို့ NCA လက်မှတ်ရေးထိုးပွဲများကိုလည်း အလေးပေးဖော်ပြသည်။ သို့ရာတွင် စက်ရုံအလုပ် သမားများ၊ ကျောင်းသားနှင့် စာနယ်ဇင်းသမားများ၏ ဆန္ဒပြပွဲများကို လုံးဝလျစ်လျူရှုကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။[၃] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia