မြိတ်မြို့နယ်
မြိတ်မြို့နယ် သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြိတ်မြို့ ဖြစ်သည်။ စီးပွားရေးအရ ဆုံချက်ကျပြီး၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်မှု ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ကုန်စည်ကူးသန်းခြင်း အဓိက လုပ်ကိုင်ကြသည်။ သားငါး၊ ရာဘာ၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ငှက်သိုက်တို့မှာ အဓိကထွက်ကုန် ဖြစ်ကာ၊ ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။ မြစ်ချောင်းနည်းပါးပြီး၊ တောရိုင်းများတွင် ရာဘာ၊ ဆီအုန်းစိုက်ပျိုးသည်။ အဓိကမြစ် သုံးသွယ်မှ မြောက်မှတောင်သို့ စီးဆင်းသော ကျောက်ဖျာမြစ်၊ တနင်္သာရီမြစ်နှင့် သမုတ်မြစ် ဖြစ်သည်။ လှေ၊ သင်္ဘောများ ခုတ်မောင်း သွားလာနိုင်သည်။ အီကွေတာမြောက်ဘက် လုံးဝကျရောက်သော ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်၍ ပိုနွေးစိုစွတ်သော ရာသီဥတု ပိုင်ဆိုင်သည်။ အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင်တန်း၊ အနောက်ဘကတွင် ကျွန်းစုမြို့နယ်၊ တောင်ဘက်တွင် တနင်္သာရီမြို့နယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်နှင့် ထိစပ်နေသည်။ တောင်ကုန်းပေါများသဖြင့် မြေမျက်နှာသွင်ပြင် မညီညာချေ။ ကျွဲကူး-ကျောက်ဖျာတံတား၊ ပသောင်း-ကြေးနန်းတိုင်တံတား ၊သမုတ်-လွတ်လွတ်တံတား သုံးစင်းဖြင့် ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည်။ ဤဒေသတွင် ဆည်မြောင်း မရှိသည့်အပြင် မီးရထားလမ်းလည်း မပေါက်ရောက်ပေ။ ကျေးရွာအုပ်စု
မြို့နယ်အတွင်းရှိ ရွာများ
ကိုးကား
|
Portal di Ensiklopedia Dunia