မြူစွမ်

ထိုင်ဝမ်၌ မြူစွမ်ဖတ် လှန်းထားသည်ကို မြင်ရပုံ
ကွမ်ကျိုးရှိ ဆိုင်တခုမှ မြူစွမ်ပြုတ်
ဟင်းသီးဟင်းရွက်တို့ဖြင့် စီမံသော မြူစွမ်ကြော်

မြူစွမ် (တရုတ်: 麵線) သည် ဂျုံကြာဆံတမျိုးဖြစ်ပြီး ဂျုံမှလုပ်သော ခေါက်ဆွဲဖတ်တို့၏ မျိုးကွဲတခုတည်း။ ဖူကျန့်ပြည်နယ်က အစပြုပြီး ဆန်ကြာဆံ၊ ပဲကြာဆံတို့နှင့် အတူပေ။ []

အမျှင်မှာ ပါး၍ သေးသဖြင့် မြူစွမ်အား ၂ မိနစ်ထက်ပို၍ ချက်ပြုတ်ရန် မလိုပေ။

ယဉ်ကျေးမှု

မြူစွမ်ကို တရုပ်ပြည်မ၌ အရေးပါသော ပွဲတော်တို့တွင် သုံးစားလေ့ ရှိပြီး ဖူကျန့်နယ်သားတို့ အရောက်အပေါက်များသည့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ပွဲလမ်းတို့၌ တည်ခင်းသည်ကို တွေ့နိုင်၏။

မြူစွမ်တွင် ထည့်တတ်သည်မှာ ဥအမျိုးမျိုး၊ ခရု၊ ဝက်အူ၊ သစ်ခေါက်မှို၊ အမဲသား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သစ်စေ့လှော်အမျိုးမျိုးနှင့် ငါးခြောက်တို့ ဖြစ်သည်။

ကိုးကား

  1. Albala, K. (2017). Noodle Soup: Recipes, Techniques, Obsession. University of Illinois Press. p. 173. ISBN 978-0-252-05019-0.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya