မြူးနစ်ခ်မြို့
မြူးနစ်မြို့သည် ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘာဗေးရီးယန်း အဲလ်ပ် တောင်တန်း၏ မြောက်ဘက် အီဆာမြစ်ကမ်း ပေါ်တွင် တည်ရှိသည်။ မြူးနစ်သည် ဘာလင်မြို့ နှင့် ဟမ်းဘတ်မြို့တို့ ပြီးလျှင် ဂျာမနီနိုင်ငံတွင် တတိယမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏ ဧရိယာ အတွင်းတွင် လူဦးရေ ၁.၃၅ သန်းခန့် နေထိုင်ကြသည်။ မြူးနစ်ချ်သည် ၁၉၇၂ ခုနှစ် နွေရာသီ အိုလံပစ်အတွက် အိမ်ရှင်မြို့ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဆောင်းရာသီ အိုလံပစ်အတွက် အိမ်ရှင်အဖြစ် ပဏာမ ရွေးချယ်ထားသော စာရင်းတွင်လည်း ပါဝင်သည်။ မြူးနစ်မြို့တွင် ဘာလင်မြို့မှ မိုင် ၃၀၀ ကွာဝေး၍ အနောက်တောင်အရပ် ဘာဘေးရီးယားလွင်ပြင်ရှိ အီဇာမြစ်ကမ်းဘေး၌ တည်ရှိသည်။ အီဇာ၏ကမ်းလေး တလျှောက်တွင် ဥယျာဉ်ပန်းခြံ၊ ချောင်းငယ် မြောင်းငယ် ရေတံခွန်နှင့် အိုင်များရှိသဖြင့် နာဇီပါတီမကြီးစိုးမီအခါကာလက အလွန်သာယာသည် ဟူ၏။ မြူးနစ်မြို့သည် အီတလီနိုင်ငံသို့ ခရီးပေါက်သော ဘရင်နာတောင်ကြားလမ်းနှင့် မိုင် ၁၀၀ မျှပင် မဝေးပေ။ မြူးနစ်မြို့မှ မျှော်မှန်းကြည့်လိုက်ပါက ဆီးနှင်းများ ဖုံးလွှမ်းနေသော အဲ့လ်ပ်တောင်ထွတ်များကို မြင်နိုင်ပေသည်။ မြူးနစ်မြို့၏ တည်နေရာသည် အချက်အချာကျသောကြောင့် နှစ်ပေါင်းများစွာကပင် ဥရောပတိုက်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိနိုင်ငံများ ဆုံတွေ့ကြရာဒေသ ဖြစ်ခဲ့ပေသည်။ မြူးနစ်မြို့တွင် လှပခမ်းနားသော နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများ၊ အစိုးရရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များနှင့် တိုက်တာအဆောက်အဦများစွာ ရှိကြသည်။ ထင်ရှားသော အဆောက်အဦကြီး ၃ ခုတို့မှာကား နန်းတော်ဟောင်း၊ နိုထရာဒမ် ဘုရားရှိခိုးကျောင်းနှင့် ဂျာမန်ပြတိုက်ကြီးဖြစ်၏။ ဂျာမန်ပြတိုက်ကြီးမှာ ကမ္ဘာတွင် ထင်ရှားသော ပြတိုက်ကြီးတခုဖြစ်၍ စက်မှုလက်မှုနှင့် သိပ္ပံပညာဆိုင်ရာများကို ခင်ကျင်းပြသထားပေသည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia