မြောက်ဦးဘုရင့်နိုင်ငံတော်
![]() သမိုင်းမြောက်ဦးဘုရင့်နိုင်ငံသည် ရခိုင်သမိုင်းတွင် အေဒီ ၁၄၃၀ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ တည်ရှိခဲ့သောနိုင်ငံဖြစ်သည်။ နရမိတ်လှ(ခ)မင်းစောမွန်သည် မြောက်ဦးနေပြည်တော်ကိုစတင်တည်ထောင်ခဲ့သောဘုရင်ဖြစ်သည်။ လေးမြို့ခေတ် လောင်းကြက်ထီးနန်းဘုရင်မင်းစောမွန်လက်ထက် အေဒီ၁၄၀၆ ခုနှစ်တွင် အရှေ့ဘက် အင်းဝဘုရင့်နိုင်ငံမှ အင်းဝဘုရင်မင်းခေါင်သည် လောင်းကြက်ထီးနန်းကိုသိမ်းယူရန်အတွက် သားတော်မင်းရဲကျော်စွာဦးဆောင်သည့် တပ်ကို စေလွှတ်တိုက်ခိုက်စေရာ မင်းစောမွန် အရေးနိမ့်ခဲ့ပြီး အနောက်ဘက် ဘင်္ဂလားစူလတန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော် ရခိုင်တောင်ပိုင်းနယ်များမှာ အင်းဝဘုရင်လက်အောက်သို့ ချက်ချင်းမကျရောက်ခဲ့ဘဲ မင်းစောမွန်၏ညီတော် မင်းခရီ(ခ)နရနုက ထိန်းထားနိုင်ခဲ့သည်။ မင်းစောမွန်သည် ရခိုင်ထီးနန်းကို ဘင်္ဂလားဘုရင်စူလတန်နှင့် ညီတော်မင်းခရီ၏ အကူအညီဖြင့် ၁၈ ဧပြီ ၁၄၂၉ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ အေဒီ၁၄၃၀ ခုနှစ်တွင် မင်းစောမွန်သည် ရခိုင်ထီးနန်းကို လောင်းကြက်မြို့မှ အချက်အခြာကျ ပိုမိုလုံခြုံသည့် မြောက်ဦးမြို့နေရာသို့ ရွှေ့ပြောင်းပြီး မြောက်ဦးမင်းနေပြည်တော်ကို တည်ထောင်ခဲ့သည်။ မြို့တော်ကိုအစွဲပြု၍ ရခိုင်မြောက်ဦးခေတ်ဟုခေါ်တွင်သော ရခိုင်မြောက်ဦးထီးနန်းခေတ်သည် ထိုအချိန်မှစတင်ခဲ့သည်။ မြောက်ဦးသည် အစာပိုင်းတွင် စစ်ကူပေးခဲ့သော ဘင်္ဂလားဘုရင်စူလတန်၏ ဩဇာခံအဖြစ် အေဒီ၁၄၂၉ မှ မင်းစောမွန်ကွယ်လွန်သည့် ၁၄၃၃ အထိရှိခဲ့ဟန်တူသည်။ မင်းစောမွန်နောက် အေဒီ၁၄၃၃တွင် ထီးနန်း ဆက်ခံသည့် ညီဖြစ်သူမင်းခရီလက်ထက်သို့ရောက်သည့်အခါ ဩဇာဆက်မခံဘဲ မြောက်ဦးထီးနန်း နယ်ပယ်ကို မြောက်ဘက် ပန်းဝါရာမူးအထိ ထိုးချဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တောင်ပိုင်း ဒွါရဝတီသံတွဲနယ်များနှင့်လည်းပြန်လည်ပေါင်းစည်းခဲ့သည်။ မင်းခရီကိုဆက်ခံသည့် သားဖြစ်သူ ဘစောဖြူမင်းလက်ထက် အေဒီ၁၄၅၉တွင် မြောက်ဘက်တွင် စစ်တကောင်းဒေသအထိ ဆက်လက်နယ်မြေချဲ့ထွင်ခဲ့သည်။ ![]() တောင်ငူဘုရင်တပင်ရွေထီးလက်ထက်တွင် အေဒီ ၁၅၄၆-၁၅၄၇ နှင့် ဘုရင့်နောင်လက်ထက် အေဒီ၁၅၈၀-၁၅၈၁ တို့တွင် မြောက်ဦးဘုရင့်နိုင်ငံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မြောက်ဦးထီးနန်းဘုရင် မင်းဘင် နှင့် သားဖြစ်သူ မင်းဖလောင်းတို့က အသီးသီး ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်။ မင်းဖလောင်းကို ဆက်ခံခဲ့သူ ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်တွင် မြောက်ဦးထီးနန်းဘုရင့်နိုင်ငံနယ်နိမိတ်သည် အနောက်မြောက်ဘက် ဘင်္ဂလားဒေသ ဆန်ဒရာဘင်မြစ်ဝကျွန်းပေါ်မှသည် အရှ့တောင်ဘက် မုတ္တမပင်လယ်ကွေ့ အထိ ကျယ်ပြန့်ထိန်းချုပ်နိုင်လာခဲ့သည်သည်။ မြောက်ဦးသည် အေဒီ ၁၆ရာစုအလယ်ပိုင်းမှ ၁၇ရာစုအလယ်ပိုင်းအထိ ရာစုနှစ်တစ်ခုကျော်ကြာကာလများတွင် ဘင်္ဂလားပင်လယ်အော်ဒေသ ခေတ်ပြိုင်နိုင်ငံများအတွင်းတွင် ကုန်သွယ်ရေး စီးပွားရေး စစ်ရေးစစ်ရာများတွင် ပြိုင်ဘက်ကင်းလောက်အောင် တိုးတက်ကောင်းမွန်ပြီး အထွတ်အထိပ်သို့ရောက်ခဲ့သည်။[၂] ![]() အေဒီ ၁၆၆၆ခုနှစ်တွင် အနောက်ဘက်မဂိုအင်ပါယာနှင့် ဖြစ်ပွားသည့်စစ်ပွဲများကြောင့် အနောက်မြောက်ဒေသ အဓိကစီးပွားရေးနယ်မြေဖြစ်သည့် စစ်တကောင်းဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရမှစပြီး မြောက်ဦးခေတ်သည် စတင်အင်အားနည်းကျဆင်းလာခဲ့သည်။ မြောက်ဦးဘုရင်စန္ဒသုဓမ္မရာဇာနောက်ပိုင်း အေဒီ ၁၆၈၄ မှ အေဒီ ၁၇၁၀ ခုနှစ် စန္ဒဝိဇယရာဇာမင်းကြားကာလများတွင် ထီးနန်းစိုးစံသည့် မြောက်ဦးဘုရင်များလက်ထက်တွင် မြောက်ဦးနန်း၏အာဏာကို ဘုရင့်ကိုယ်ရံတော်တော်တပ်များကသာ အဓိကကြီးစိုးချယ်လယ်ပြီး ဘုရင်များကို ၎င်းတို့စိတ်ကြိုက် လိုသလို နန်းတင်နန်းချခဲ့ကြသည်။ စန္ဒဝိဇယရာဇာမင်း နောက်ပိုင်း အေဒီ ၁၇၃၁ မှ စပြီး ဆက်ခံသည့် ရခိုင်ဘုရင်များလက်ထက်တွင် မြောက်ဦးထီးနန်းသည် ပိုမိုယိုယွင်းလာခဲ့သည်။ အေဒီ၁၇၈၅ခုနှစ် မဟာသမ္မတရာရာဇာမင်းလက်ထက်သို့ရောက်သည့်အခါ အရှေ့ဘက်ကုန်းဘောင်ထီးနန်း အင်းဝအမရပူရဘုရင်ဘိုးတော်ဘုရားဗဒုံမင်းမှ သားဖြစ်သူအိမ်ရှေ့မင်းမောင်ပိုနှင့်စစ်တပ်ကို စေလွှတ်ပြီး မြောက်ဦးနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြင့် ရခိုင်မြောက်ဦးထီးနန်းနှင့် မြောက်ဦးဘုရင့်နိုင်ငံတော်၏ခေတ်သည် အဆုံးသတ်နိဂုံးချုပ်ခဲ့ရသည်။[၃] သိမ်းယူမှုများနှင့် စစ်ပွဲများထရိပူးရာကို ကျူးလွန်တိုက်ခိုက်မှုများခေတ်တုန်းက ၁၅၈၄ ခုနှစ်တွင် အရကန်းဘုရင် မင်းဖလောင်းသည် ထရိပူးရာကို ကျူးလွန်တိုက်ခိုက်ပြီး၊ ဥဒါယာပူကို လုယက်သတ်ဖြတ်ခဲ့သည်။ မနေ့တုန်းက ၁၅၇၅ ခုနှစ်တွင်၊ ထိုဘုရင်သည် ထရိပူးရာကို သိမ်းပိုက်ရန် တပ်များပို့ခဲ့ပြီး ထိုနယ်မြေသည် အရကန်းဘုရင့် အပိုးအနပ်ပြုနိုင်ငံဖြစ်လာသည်။ ထရိပူးရာဘုရင် ရာဇာဒါသည် ပြန်လည်သိမ်းယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပဲ၊ မင်းဖလောင်းသည် နောက်ထပ်တိုက်ခိုက်မှုစတင်ပြီး ထရိပူးရာတပ်ဖွဲ့များကို အနိုင်ယူခဲ့သည်။ ထိုတိုက်ပွဲတွင် ရာဇာဒါ၏ ညီ ဂျူဂျာစင်းကို သတ်ဖြတ်ခံရပြီး၊ ရာဇာဒါဘုရင်သည် သေနတ်မှုတ်သံဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ ချစ်တဂုံကို သိမ်းပိုက်ခြင်း၁၆ နှစ်နှင့် ၁၇ နှစ်ရာစုများတွင် ချစ်တဂုံသည် အရကန်းနိုင်ငံ၏ ထိန်းချုပ်မှုကိုရရှိခဲ့ပြီး၊ ၁၅၄၀ ခုနှစ်များတွင် မင်းဘင် ဘုရင်အောက်တွင် အခိုင်အမာ ထိန်းသိမ်းခဲ့သည်။ ချစ်တဂုံကို စစ်ရေးနှင့် ကုန်သွယ်ရေး ဗဟိုအဖြစ် အားပေးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ထရိပူးရာနှင့် မူဂျိုးများမှ တိုက်ခိုက်မှုများရှိခဲ့ပေမယ့် မင်းဘင်သည် ဒေသခံ အုပ်ချုပ်သူများအကြား အာဏာဆိုင်ရာ အငြင်းပွားမှုကို အခွင့်အလမ်းအဖြစ် အသုံးပြု၍ ချစ်တဂုံကို သိမ်းပိုက်ခဲ့သည်။ ပုတီးဂျီဇ်များသည် အရကန်းရှင်နိုင်ငံ၏ စွမ်းအားကို အကူအညီပေးခဲ့သည်။ ![]() ချစ်တဂုံသည် ဒေသတစ်လျှောက် ကုန်သွယ်ရေး ဗဟိုအဖြစ် ဦးဆောင်ခဲ့သော်လည်း ၎င်း၏ အုပ်ချုပ်မှုသည် ခိုးယူမှုများ၊ လူလွှဲပြောင်းမှုများနှင့် နိုင်ငံခြားပဋိပက္ခများကြောင့် မတည်ငြိမ်ခဲ့သည်။ ပုတီးဂျီဇ်များနှင့် မူဂျိုးများသည် ဂျာကင်းနှင့် လူများကို အမှုထမ်းခြင်း၊ ကောင်စီများထဲတွင် ဆောင်ရွက်ခဲ့ပြီး၊ အရကန်းများက ၎င်းတို့ကို အလုပ်သုံးခဲ့ကြသည်။ တောင်ငူ-အရကန်းစစ်ပွဲ![]() တောင်ငူနှင့် မရောက်ဦးနိုင်ငံတို့ကြား ဆင်နွှဲပွဲသည် ၁၅၄၅ ခုနှစ်မှ ၁၅၄၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။ တောင်ငူဘုရင် တပင်ရွှေထွန်းသည် မရောက်ဦးနိုင်ငံကို သိမ်းပိုက်ရန် တပ်ဖွဲ့များ ပို့ခဲ့ပြီး၊ စန်ဒိုဝေကို သိမ်းဆည်းခဲ့သည်။ နောက်ပိုင်းတွင် မရောက်ဦးမြို့ကို တိုက်ခိုက်ခဲ့သော်လည်း၊ မြို့၏ အားကောင်းသော ကာကွယ်ရေးကြောင့် တောင်ငူတပ်သည် အောင်မြင်မှုမရခဲ့ဘူး။ နောက်ဆုံးတွင် နှစ်ပေါင်းသုံးနှစ်ကြာပွဲဆင်နွှဲမှုအပြီး၊ နှစ်သိမ့်သဘင်ဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့သည်။ မူဂျိုး-အရကန်းစစ်ပွဲ၁၆၆၆ ခုနှစ်တွင် မူဂျိုးများ ချစ်တဂုံကို သိမ်းပိုက်ခြင်းသည် အရကန်း၏ ရွှေ့လျားခေတ်၏ အဆုံးသတ်ဖြစ်ခဲ့သည်။ မူဂျိုးများချစ်တဂုံကို သိမ်းပိုက်ပြီးနောက်၊ အရကန်းသည် နေဖ်မြစ်၏ အနောက်ဘက်ကို ကိုင်တွယ်ထားခြင်းမရှိတော့ပါ။ ၁၆၆၀ ခုနှစ်တွင် မူဂျိုးဘုရင်အမတ်ရှားရှူဂျာသည် အရကန်းသို့ ပုဂ္ဂိုလ် ၏ များနှင့် အကူအညီတောင်းရန် ပြန်လည်ရှောင်ခွာခဲ့သည်။ မင်းဘုရင်က ရွှေ နှင့် စည်စမ်းကာ သူ့ကို ကမ်းလှမ်းတင်ပြသော်လည်း၊ စစ်ပွဲအပြီးမှာ ရွှေ အရင်းအမြစ်များကို အရကန်းကိုင်တွယ်ခဲ့။ ရှူဂျာ၏ မိသားစုက ထိုအချိန်တွင် မသေဆုံးခဲ့ခဲ့၊ သူ့အမျိုးသားတိုင်းသူများ လောင်းကြက်ခေတ်(လေးမြို့ခေတ်)ရခိုင်ဘုရင်များသည် ပုဂံမင်းဆက်များနှင့် အပြန်အလှန် ဆက်နွယ်မှု၊ နယ်မြေချဲ့ထွင်ရင်း အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုများရှိခဲ့ေသာ်လည်း လေးမြို့ခေတ်သည် ပုဂံလက်အောက်ခံဖြစ်ခဲ့သည့်အနေအထား အထောက်အထား ဟူ၍ မရှိခဲ့ မတွေ့ခဲ့ရပေ။ ရခိုင်ကမ်းရိုးတမ်းဒေသအများစုမှာ ပုဂံမင်း၏ အုပ်စိုးမှုမှ ကင်းစင်ပြီး ကျန်မြန်မာပြည်မှနေရာဒေသများနှင့်မတူ ပွဲပြားခဲ့သည်။ အေဒီ ၅ ရာစုမတိုင်မီ မြို့တော်ကို ဓညဝတီမြို့မှ ဝေသာလီမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၂ ရာစုတွင် ပြဉ္စာ စမ္ဘဝက်မြို့၊ ပရိမ်မြို့၊ နေရဉ္ဇရတောင်ငူမြို့ နှင့် လောင်းကြက်မြို့များသို့ တဆင့်စီပြောင်းရွှေ့ပြီး လေးမြို့ခေတ်ကို အေ ဒီ၁၅ရာစု အစောပိုင်းကာလများအထိ တည်တံ့စေခဲ့သည်။ ရည်ညွှန်းချက်များ
|
Portal di Ensiklopedia Dunia