စကေး အဆင့်သတ်မှတ်ချက်
|
မြေပြင်ငလျင်လှိုင်းသွား အမြင့်ဆုံးအရှိန် (ခန့်မှန်း)[၂]
|
မြေပြင် အခြေအနေ
|
ထင်ရှားသော ငလျင် သာဓကများ
|
I. မခံစားရ
|
<၀.၀၀၀၅ g0 (၀.၀၀၄၉ m/s2)
|
ရှားရှားပါးပါး အခြေအနေအချို့မှလွဲ၍ မခံစားရ။
|
II. အားပျော့
|
၀.၀၀၃ g0 (၀.၀၂၉ m/s2)
|
အထူးသဖြင့် အဆောက်အဦး အပေါ်ထပ်ရှိ နားနေသူ အနည်းငယ်သာ ခံစားရသည်။ တွဲလောင်းပစ္စည်းများ လွှဲခါနေနိုင်သည်။
|
III. အားပျော့
|
အထူးသဖြင့် အဆောက်အဦး အပေါ်ထပ်ကဲ့သို့သော အခန်းတွင်း နေသူများ သတိပြုမိလောက်အောင် ခံစားရနိုင်သည်။ လူအများစုမှာ ငလျင်ဟုပင် မသတ်မှတ်ကြပေ။ ရပ်တန့်ထားသော ယာဉ်များ အနည်းငယ် လှုပ်နိုင်သည်။ ကုန်တင်ကား မောင်းသွားစဉ် တုန်ခါမှု ခံစားရသည်နှင့် ဆင်တူသည်။
|
1992 Nicaragua earthquake
|
IV. အနည်းငယ်
|
၀.၀၂၈ g0 (၀.၂၇ m/s2)
|
နေ့အချိန်တွင် အခန်းတွင်းနေသူအများစု နှင့် အိမ်ပြင်ရှိသူ အနည်းငယ် ခံစားရသည်။ ညအချိန်တွင် အိပ်ပျော်ရာမှ နိုးလာတတ်သည်။ ပန်းကန်များ၊ ပြတင်းပေါက်များ၊ တံခါးများနှင့် နံရံများမှ အက်ကွဲသံကဲ့သို့ ကြားရနိုင်သည်။ ကုန်တင်ကားကြီးများ မောင်းသွားရာမှ အဆောက်အဦးများ တုန်ခါသကဲ့သို့ ခံစားရနိုင်သည်။ ရပ်တန့်ထားသော ယာဉ်များ သိသိသာသာ လှုပ်သွားသည်။
|
2006 Pangandaran earthquake and tsunami
|
V. အသင့်အတင့်
|
၀.၀၆၂ g0 (၀.၆၁ m/s2)
|
အနားရှိ လူတိုင်း ခံစားရနိုင်သည်။ ပန်းကန်နှင့် ပြတင်းပေါက်များ ကွဲနိုင်သည်။ မငြိမ်သက်သော ပစ္စည်းများ မှောက်ခြင်း ဖြစ်နိုင်သည်။ ချိန်သီးပါ နာရီများ ရပ်တန့်သွားနိုင်သည်။
|
2010 Mentawai earthquake and tsunami
|
VI. ပြင်းထန်
|
၀.၁၂ g0 (၁.၂ m/s2)
|
အားလုံး ခံစားရနိုင်ပြီး အများစု ကြောက်လန့်နိုင်သည်။ လေးလံသော ပရိဘောဂများ ရွေ့နိုင်သည်။ အနည်းငယ် ပျက်စီးမှုရှိနိုင်သည်။
|
2021 West Sulawesi earthquake, 2000 Enggano earthquake, and 1982 Baghlan earthquake
|
VII. အလွန်ပြင်းထန်
|
၀.၂၂ g0 (၂.၂ m/s2)
|
ကောင်းမွန်သော ဒီဇိုင်းနှင့် သေချာစွာ ဆောက်လုပ်ထားသော အဆောက်အဦးများတွင် ပျက်စီးမှု နည်းပါးနိုင်ပြီး ကောင်းမွန်စွာဆောက်လုပ်ထားသော ရှေးအဆောက်အဦများတွင် အနည်းငယ်မှ အသင့်အတင့် ပျက်စီးနိုင်သည်။ ဒီဇိုင်းညံ့ဖျင်းသော သို့မဟုတ် ညံ့ဖျင်းစွာ ဆောက်လုပ်ထားသည်တို့တွင် သိသာစွာ ပျက်စီးနိုင်သည်။ အချို့ မီးခိုးခေါင်းတိုင်များ ပျက်စီးနိုင်သည်။
|
May 1998 Afghanistan earthquake and 2002 Hindu Kush earthquakes and 2009 Sumatra earthquakes
|
VIII. ဆိုးရွားစွာ ပြင်းထန်
|
၀.၄၀ g0 (၃.၉ m/s2)
|
အထူးဒီဇိုင်းထုတ်ထားသော အဆောက်အဦများတွင် အနည်းငယ် ပျက်စီးနိုင်သည်။ ရှေးအပေါ်ယံ အဆောက်အဦးများ တစ်စိတ်တစ်ပိုင်း ပြိုကျနိုင်သည်။ ညံ့ဖျင်းစွာ ဆောက်လုပ်ထားသည်များတွင် ကြီးကြီးမားမား ပျက်စီးနိုင်သည်။ မီးခိုးခေါင်းတိုင်များ၊ အထိမ်းအမှတ်ရုပ်တုများ၊ နံရံများ ပြိုလဲနိုင်သည်။ လေးလံသော ပရိဘောဂများ မှောက်သွားနိုင်သည်။ မြေပြင်မှ သဲနှင့် ရွှံ့အနည်းငယ် ထွက်လာနိုင်သည်။ ရေတွင်းရေများ ပြောင်းလဲမှုရှိသည်။
|
2005 Nias–Simeulue earthquake, ၂၀၂၁ ဟေတီ ငလျင် and 2023 Herat earthquakes
|
IX. ကြမ်းတမ်း
|
၀.၇၅ g0 (၇.၄ m/s2)
|
အထူးဒီဇိုင်းထုတ်ထားသော အဆောက်အဦများတွင် သိသာစွာ ထိခိုက်နိုင်သည်။ အမိုးများ ပြိုကျနိုင်သည်။ အပေါ်ယံအဆောက်အဦးများ တစ်စိတ်တစ်ပိုင်း ပြိုကျပြီး ကြီးမားစွာ ပျက်စီးနိုင်သည်။ အဆောက်အဦသည် ဖောင်ဒေးရှင်းအောက်ခြေမှ ရွေ့သွားနိုင်သည်။ မြေကြီးအရည်ပျော်ခြင်း ဖြစ်ပွားသည်။ မြေအောက်ပိုက်များ ကျိုးပဲ့သည်။
|
2006 Yogyakarta earthquake, 2023 Al Haouz earthquake
|
X. ပြင်းထန်မှု လွန်ကဲ
|
>၁.၃၉ g0 (၁၃.၆ m/s2)
|
သေချာ ဆောက်လုပ်ထားသော သစ်သားအဆောက်အဦအချို့ ပျက်စီးသည်။ ပန်းရံနှင့် ဖရိန်အဆောက်အဦများ ဖောင်ဒေးရှင်းနှင့်တကွ ပျက်စီးသည်။ ရထားသံလမ်းများ ကွေးကောက်သည်။ မြစ်နံဘေးနှင့် ဆင်ခြေလျောများတွင် မြေပြိုခြင်း ဖြစ်ပွားနိုင်သည်။ သဲနှင့် ရွှံ့မြေများ ရွေ့ပြောင်းနိုင်သည်။ ရေများ ပန်းထွက်နိုင်သည်။
|
ဧပြီ ၂၀၁၅ နီပေါ ငလျင် ၂၀၁၈ ဆူလာဝေစီ ငလျင်နှင့် ဆူနာမီ ၂၀၂၅ မြန်မာ ငလျင်
|
XI. ပြင်းထန်မှု လွန်ကဲ
|
ပန်းရံအဆောက်အဦးအချို့သာ ကျန်ရစ်သည်။ တံတားများ ပျက်စီးသည်။ မြေပြင်တွင် အက်ကွဲကြောင်းကျယ်ကြီးများ ဖြစ်ပေါ်သည်။ မြေအောက်ပိုက်လိုင်းများ ပျက်စီးသည်။ မြေပျော့တွင် မြေနိမ့်သွားခြင်း ရွေ့သွားခြင်း ဖြစ်ပွားသည်။ သံလမ်းများ ကြီးမားစွာ ကွေးကောက်သည်။
|
၂၀၀၅ ကက်ရှ်မီးယား ငလျင်၊ ၂၀၀၈ စီချွမ် ငလျင်၊ နှင့် ၂၀၁၁ တိုဟိုကု ငလျင်နှင့် ဆူနာမီ
|
XII. ပြင်းထန်မှု လွန်ကဲ
|
အလုံးစုံပျက်စီးသည်။ မြေပြင်များ တွန့်ခေါက်သည်။ မျဉ်းများ လွဲချော်ပြီး ပြင်ညီများ လွဲချော်သည်။ ပစ္စည်းများ လေထဲသို့ လွင့်တက်သည်။
|
1960 Valdivia earthquake, ၂၀၀၁ ဂူဂျာရက် ငလျင် နှင့် ၂၀၂၃ တူရကီ-ဆီးရီးယား ငလျင်
|