ရင်းမြစ်ကုဒ်
![]() ကွန်ပျူတာသိပ္ပံပညာတွင် ရင်းမြစ်ကုဒ် (source code) သည် ပရိုဂရမ်းမင်းဘာသာစကား တစ်ခုတွင် အသုံးပြုသော စာကြောင်း (statement) သို့မဟုတ် ဂုဏ်သတ္တိအဓိပ္ပာယ်သတ်မှတ်ချက် (declaration) အစဉ်များဖြစ်ပြီး လူဖတ်နိုင်သော ကွန်ပျူတာ ပရိုဂရမ်းမင်းဘာသာစကား တစ်ခုခုဖြင့်ရေးသားထားသည်။ ပရိုဂရမ်းမင်းဘာသာစကား တစ်ခုတွင် သုံးသော ရင်းမြစ်ကုဒ်ကို အဓိပ္ပာယ်ကွဲလွဲခြင်းမရှိစေရန် ရှင်းလင်းထားသော အင်္ဂလိပ်ဘာသာ ဖြင့်ရေးလေ့ရှိသည်။ ရင်းမြစ်ကုဒ်သည် ဆော့ဖ်ဝဲတည်ဆောက်သူများကို ကွန်ပျူတာနှင့် ဆက်သွယ်ပေးသော ညွှန်ကြားချက်များဟုလည်း ဆိုနိုင်သည်။ အဓိကအားဖြင့် သဘာဝဘာသာစကား(natural language)တွင် အသုံးပြုသော စကားလုံးအချို့ကိုသုံးထားသော ဘာသာစကားဖြင့် ကွန်ပျူတာအပေါ် ညွှန်ကြားချက်၏ ပထမအဆင့် ဖြစ်သည်။ ပရိုဂရမ်တစ်ခုတွင် ပါဝင်သော ရင်းမြစ်ကုဒ်ကို တစ်ခု သို့ တစ်ခု ပိုမိုသော text file များတွင် သိမ်းဆည်းထားပြီး၊ တစ်ခါတစ်ရံ database များတွင် stored procedure အဖြစ်လည်းကောင်း၊ စာအုပ် သို့ အခြား နေရာများတွင် code snippet အဖြစ်လည်းကောင်း တွေ့နိုင်သည်။ ရင်းမြစ်ကုဒ် များကို directory tree အဖြစ် သိမ်းဆည်းလေ့ရှိပြီး ၎င်းကို source tree ဟု ခေါ်လေ့ရှိသည်။ ကွန်ပျူတာ ပရိုဂရမ် များ၏ ရင်းမြစ်ကုဒ် များသည် ဖိုင် အစုအဝေး ဖြစ်ပြီး လူဖတ်နိုင်သော ပုံစံမှ ကွန်ပျူတာ အသုံးပြုနိုင်သော ပုံစံသို့ ပြောင်းပေးနိုင်သည်။ ရင်းမြစ်ကုဒ် များကို executable ဖိုင်လ် အဖြစ်သို့ compiler များဖြင့် ပြောင်းလည်း၍၎င်း သို့မဟုတ် interpreter ဖြင့် on the fly execute လုပ်နိုင်သည်။ programming လုပ်ငန်း တစ်ခု၏ code base သည် အားလုံးသော ပရိုဂရမ် များ၏ အလွန်များပြားသော ရင်းမြစ်ကုဒ် အစုအဝေးပင်ဖြစ်ပြီး ၎င်းလုပ်ငန်းကို ကိုယ်စားပြုသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်လိုင်းနက်စ်အင်ဖော်မေးရှင်းပရောဂျက်(Linux Information Project) မှ ရင်းမြစ်ကုဒ်ကို အောက်ပါအတိုင်း အဓိပ္ပာယ် သတ်မှတ်သည်။[၁]
(ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အရ ၎င်းကို ကွန်ပျူတာနားလည်သော ကုဒ်အဖြစ်သို့ ပြောင်းလဲပြီးမှသာ ၎င်းကွန်ပျူတာအပေါ်တွင် ပရိုဂရမ်တစ်ခုအဖြစ် သုံးစွဲနိုင်သည်။ ကွန်ပျူတာနားလည်သောကုဒ်များကို ဘိုင်နရီ(binary) သို့မဟုတ် အော့ဘဂျက်ကုဒ်(object code)ဟုခေါ်ပြီး လူသားတစ်ဦးမှ တိုက်ရိုက်ဖတ်ရှုပါက သဘာဝဘာသာစကား(natural language)အနေဖြင့် နားမလည်နိုင်ပေ။) ကိုးကား
|
Portal di Ensiklopedia Dunia