ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ (အင်္ဂလိပ်: REDvolution Show) များမှာ မြန်မာ အမျိုးသမီး အဆိုတော် နီနီခင်ဇော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ဖြစ်သည်။ ![]() ၂၀၁၇ ခုနှစ် ဖျော်ဖြေပွဲ
ပထမဦးဆုံး ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ မှာ နီနီခင်ဇော်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့၌ ကျင်းပသော ပွဲဖြစ်သည်။ ဤပွဲမှာ သူမ၏ အနုပညာသက်တမ်း ၉ နှစ်အတွင်း ပထမဆုံး ကျင်းပသည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်သည်။ ဤပွဲတွင် သူမသည် ဂီတကဗျာ သံစုံတီးဝိုင်း၊ အောက်ဆီဂျင် တီးဝိုင်း၊ စီးကရက် ပီးစပ် အကအဖွဲ့ တို့ဖြင့် ဖျော်ဖြေခဲ့သည်။ သူမသည် အခြား နာမည်ကျော်တေးသံရှင်များနှင့်လည်း စုံတွဲသီချင်း အချို့ကို ဖျော်ဖြေခဲ့သည်။[၁][၂] အဓိကအပိုင်းများဤပွဲတွင် အဓိက အပိုင်း ၃ ပိုင်းရှိသည်။
သီချင်းများ
ဝါးတားပါတီ ရေပါတီ ၂၀၁၈ ခုနှစ် ဖျော်ဖြေပွဲ
ဒုတိယမြောက် ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ ကို ၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ရီထရို ရတ်ဗော်လူးရှင်းဖျော်ဖြေပွဲ(အင်္ဂလိပ်: Retro REDVolution Show) အမည်ဖြင့် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ တစ်ခေတ်တစ်ခါ ၁၉၉၀ ဝန်းကျင်က ခေတ်စားခဲ့သည့် ကလတ်စစ်၊ ဂျက်စ်၊ ပေါ့ပ်၊ ဆိုးနှင့် ဆွင်း တေးဂီတများကို အကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့အပြင် စင်ကိုလည်း လိုက်ဖက်အောင် ပြင်ဆင်ထား၍ အနောက်တိုင်းစတိုင် ဇာတ်ရုံအတွင်း ရောက်သွားသကဲ့သို့ ဖျော်ဖြေထားသည်။ သူ၏ဂီတသက်တမ်း ၁၀ နှစ်ပြည့်နှစ်ဖြစ်၍ ဂီတဘဝစတင်ရာ မယ်လိုဒီဝေါ၌ ယှဉ်ပြိုင်ခဲ့သည့် သီချင်းများကိုလည်း အမှတ်တရဖျော်ဖြေခဲ့သည်။ အပိုင်းများ
သီချင်းများမာရီလင်မွန်ရိုးစတိုင်
ဖရတ်စလေစတိုင်
ဂီတဆိုင်ရာ
အိန္ဒိယအက
အက
၂၀၁၉ ခုနှစ် ဖျော်ဖြေပွဲ
တတိယမြောက် ရတ်ဗော်လူးရှင်း ဖျော်ဖြေပွဲ ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပါတီ ရတ်ဗော်လူးရှင်းဖျော်ဖြေပွဲ(အင်္ဂလိပ်: Party REDVolution Show) အမည်ဖြင့် မန္တလေးမြို့ မင်္ဂလာမန္တလေးတွင် ကျင်းပခဲ့သည်။ စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့သော ပါတီခင်ဇော် တေးသီချင်းခွေထွက်ရှိပြီးနောက် ဖျော်ဖြေပွဲ၏ ခေါင်းစဉ်ကို ပါတီဖြင့် ကျင်းပခဲ့သည်။ ထွက်ရှိခံ့ပြီးသော တေးသီချင်းများကို ဒစ်စကို ပုံစံဖြင့်ပြောင်းကာ ဖျော်ဖြေပွဲအား အပိုင်းလေးပိုင်းခွဲ၍ တင်ဆက်ခဲ့သည်။ ထို့အပြင် ပထမဆုံး ပြည်ပတစ်ကိုယ်တော် ဖျော်ဖြေပွဲအဖြစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် စင်ကာပူတွင်လည်း ကျင်းပမည်ဖြစ်သည်။ ပွဲနှစ်ခုလုံးအား တစ်ပုံစံတည်း ကျင်းပမည်ဖြစ်သည်။[၃] [၄] အပိုင်းများ
သီချင်းများပါတီ
Latino
ကျော်ကြားသောသီချင်းများ (Hit Songs)
ဒစ်စကို
ကိုးကား
ပြင်ပလင့်ခ် |
Portal di Ensiklopedia Dunia