နီနီခင်ဇော်
နီနီခင်ဇော် သည် မြန်မာ ပေါ့ခ် အဆိုတော်တစ်ဦး ဖြစ်သည်။[၁] သူမသည် ဆေးတက္ကသိုလ် ၂၊ရန်ကုန် တွင် တက်ရောက်ခဲ့သည်။။ သူမသည် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေခဲ့သည်။[၂] သူသည် သံစဉ်များနှင့်ကမ္ဘာ သီချင်းပြိုင်ပွဲ၏ ၂၀၀၈ ရာသီ၌ အနိုင်ရခဲ့သည်။။[၃] အသက်မွေးဝမ်းကျောင်းသူမသည် ၂၀၀၈ခုနှစ် သံစဉ်များနှင့်ကမ္ဘာ အဆိုပြိုင်ပွဲ၏ အနိုင်ရသူဖြစ်သည်။ သူမသည် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်၌ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် တေးတို့ဖြင့် ဖျော်ဖြေခဲ့သည်။[၄]၎င်းသီချင်းများသည် ယခုတိုင်အောင်မြင်ဆဲ ဖြစ်သည်။[၅] ![]() တစ်ကိုယ်တော်ဖျော်ဖြေပွဲများနီနီခင်ဇော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ (REDVolution Shows) အမည်များဖြင့် ကျင်းပလေ့ရှိသည်။ သူ၏ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ်ဧပြီ၁ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သည်။ ဒုတိယမြောက်ပွဲကို ၂၀၁၈ခုနှစ် ဧပြီ ၇ရက်နှင့်၈ရက်တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် Retro Themeဖြင့်ကျင်းပခဲ့သည်။[၆]တတိယမြောက် ဖျော်ဖြေပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် Party Themeဖြင့် မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။[၇] အသေးစားတစ်ကိုယ်တော်ဖျော်ဖြေပွဲအဖြစ် fg live loungeမှ ကျင်းပသော မိုးရာသီဖျော်ဖြေပွဲများတွင်လည်း ဖျော်ဖြေခဲ့သည်။၂၀၁၉ခုနှစ် ဇူလိုင်လ၂၀ရက်နေ့တွင် ရန်ကုန်မြို့ ရေကူးအသံလွှင့်ရုံ၌ တတိယမြောက် တစ်ကိုယ်တော်အခွေ၏ Music Video စတင်ဖြန့်ချိခြင်းနှင့်အတူ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။[၈] ![]() ရရှိခဲ့သောဆုများ
အယ်လ်ဘမ်များ
မီနီ အယ်လ်ဘမ်များ
ပုဂ္ဂိုလ်ရေးဘဝသူမသည် စူပါ ရက် (အနီရောင်) အမည်ဖြင့် အလှကုန်များ ထုတ်လုပ်နေသည်။[၁၀] ကိုးကား
|
Portal di Ensiklopedia Dunia