လသာမြို့နယ်
လသာမြို့နယ်သည် ရန်ကုန်မြို့လယ်၏အနောက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၁၀)ခုရှိသည်။ လသာမြို့နယ်၏အနောက်ဘက်တွင် လမ်းမတော်မြို့နယ်ကို လမ်းမတော်လမ်းနှင့် လည်းကောင်း၊ အရှေ့ဘက်တွင် ပန်းဘဲတန်းမြို့နယ်ကို ရွှေတိဂုံဘုရားလမ်းနှင့် လည်းကောင်း၊ မြောက်ဘက်တွင် ဒဂုံမြို့နယ်ကို မြို့ပတ်ရထားလမ်း လည်းကောင်း၊ တောင်ဘက်တွင် ရန်ကုန်မြစ်တည်ရှိသော ဆိပ်ကမ်းမြို့နယ် (ဖျက်သိမ်းပြီး) ကို ကမ်းနားလမ်းနှင့် လည်းကောင်း ပိုင်းခြားထားသည်။ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကျုံးကြီးလမ်း (အနော်ရထာလမ်း)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရထားလမ်းတို့အပြိုင်တည်ရှိပြီး ကမ်းနားလမ်း မှ ရထားလမ်း ထိ လေးဘလောက်မှာ အောက်လမ်းဘလောက်၊ အပေါ်လမ်းဘလောက်၊ ဆေးရုံကြီးဘလောက် နှင့် ကျောင်းဘလောက် ဟု ခေါ်ဆိုကြသည်။ လမ်းမတော်လမ်း၊ ၁၇လမ်း၊ ၁၈လမ်း၊ စဉ့်အိုးတန်းလမ်း၊ ၁၉လမ်း၊ ၂၀လမ်း၊ လသာလမ်း၊ ၂၁လမ်း၊ ၂၂လမ်း၊ ဗိုလ်ရွဲလမ်း၊ ၂၃လမ်း၊ ၂၄လမ်း နှင့် ရွှေတိဂုံဘုရားလမ်းတို့ အပြိုင်တည်ရှိသည်။ လမ်းမတော်လမ်း မှ စဉ့်အိုးတန်းလမ်းထိ ရပ်ကွက် (၁ နှင့် ၂)၊ စဥ့်အိုးတန်း မှ လသာလမ်း ထိ ရပ်ကွက် (၃ နှင့် ၄)၊ လသာလမ်း မှ ဗိုလ်ရွဲလမ်း ထိ ရပ်ကွက် (၅ နှင့် ၆) ဗိုလ်ရွဲလမ်း မှ ရွှေတိဂုံဘုရားလမ်း ထိ ရပ်ကွက် (၇ နှင့် ၈)တို့တွင် အောက်လမ်းဘလောက် မ ဂဏန်း (၁၊ ၃၊ ၅၊ ၇) ရပ်ကွက် နှင့် အပေါ်လမ်းဘလောက် စုံ ဂဏန်း (၂၊ ၄၊ ၆၊ ၈) ရပ်ကွက် တို့ဖြစ်ကြသည်။ လမ်းမတော်လမ်း မှ ရွှေတိဂုံဘုရားလမ်းထိရှိကြသော ဆေးရုံဘလောက် နှင့် ကျောင်းဘလောက် တို့သည်ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၀) အသီးသီးဖြစ်ကြသည်။ လမ်းမတော်လမ်းကို ရထားလမ်းမြောက်ဘက် ဒဂုံမြို့နယ်တွင် မြို့မကျောင်းလမ်းဟု ခေါ်သည်။ လမ်းမတော်လမ်းတွင် ညောင်ပင်လေးဈေး၊ သရက်တောဘုန်းကြီးကျောင်း နှင့် ဆေးတက္ကသိုလ်တို့သည် လမ်းမတော်မြို့နယ် တွင်လည်းကောင်း၊ သံဈေး၊ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန နှင့် လမ်းမတော်ဘူတာတို့သည် လသာမြို့နယ် တွင်လည်းကောင်း အမျိုးသားပြဇာတ်ရုံ၊ မိုင်ဒါကွင်း၊ မြို့မကျောင်း၊ စစ်ဆေးရုံ နှင့် ပြည်သူရင်ပြင်တို့သည် ဒဂုံမြို့နယ်တွင်လည်းကောင်းတည်ရှိကြသည်။ ရွှေတိဂုံဘုရားလမ်းတွင် သိမ်ကြီးဈေး_စီရုံ၊ ဗိုလ်ချုပ်ဈေးသစ်၊ အ.ထ.က (၁) ပန်းဘဲတန်း နှင့် ဘုရားလမ်းဘူတာရုံတို့သည် ပန်းဘဲတန်းမြို့နယ် တွင်လည်းကောင်း၊ သိမ်ကြီးဈေး_အီ၊ သိမ်ကြီးဈေး_ဒီ၊ ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် နှင့် အ.ထ.က (၁) လသာ၊ တို့သည် လသာမြို့နယ် တွင်လည်းကောင်း၊ စစ်ဌာနချုပ်၊ ရွှေတိဂုံဘုရားနှင့် မဟာဝီဇယဘုရားတို့သည်လည်းကောင်း ဒဂုံမြို့နယ် တွင်လည်းကောင်းတည်ရှိကြသည်။ လသာမြို့နယ်တွင် မူလတန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းတို့နှင့် အထက်တန်းကျောင်း နှစ်ကျောင်း (ကျောင်းဘလောက်)တို့ တည်ရှိသည်။ လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်တို့သည် ရန်ကုန်မြို့၏ တရုတ်တန်းဖြစ်သည်။ ထင်ရှားသော အဆောက်အဦးများလသာမြို့နယ်တွင် ကိုလိုနီခေတ်အဆောက်အအုံများစွာရှိသည်။ ထိုအဆောက်အဦးများအနက် အများစုကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
ကိုးကားပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia