ရန်ကုန်မြို့တော်ဘဏ်လီမိတက်
ရန်ကုန်မြို့တော်ဘဏ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်ကာ ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်အား ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မြို့တော် ခန်းမအနီးတွင် ဖွင့်လှစ်ထားသည်။[၁] စတင်တည်ထောင်စဉ်က စည်ပင်သာယာရေး ကော်မတီမှ မတည်ရင်းနှီးငွေ ကျပ် ၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။ [၂] ဘဏ်သမိုင်းကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများအား ငွေရေးကြေးရေးဆိုင်ရာ အကူအညီအထောက်အပံ့ရနိုင်ရန်၊ မြို့တော်နေပြည်သူများ၏ စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပြုနိုင်ရန် နှင့် ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် ရန်ကုန်မြို့တော်ဘဏ်အား ရန်ကုန်မြို့တွင် ၂ ဧပြီ ၁၉၉၃ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။ စာရင်းများအရ ဘဏ်ရုံးချုပ် အပါအဝင် ဗိုလ်တထောင်ဘဏ်ခွဲ၊ဘုရင့်နောင်ဘဏ်ခွဲ၊မင်္ဂလာဈေးဘဏ်ခွဲ၊အောင်မင်္ဂလာဘဏ်ခွဲငယ် တို့ဖွင့်လှစ်ထားသည်။[၃] ဘဏ်ဖွဲ့စည်းပုံရန်ကုန်မြို့တော်ဘဏ်လီမိတက်ကို (က) စီမံရေးရာဌာန (ခ) စာရင်းဌာန (ဂ) ငွေစုဘဏ်ဌာန (ဃ) သတင်းနှင့် နည်းပညာဌာန (င) ငွေကြေးဌာန (စ) ချေးငွေဌာန (ဆ) အတွင်းစာရင်းစစ်ဌာန (ဇ) နိုင်ငံခြားငွေ ဝယ်ယူ/ ရောင်းချ/ လဲလှယ်ရေးဌာန (ဈ ) လေ့ကျင့်ရေးနှင့် သုတေသနဌာန စသည်ဖြင့် ဌာန (၉) ခုနှင့် ဖွဲ့စည်းထားသည်။ ဘဏ်၏ဝန်ဆောင်မှုလုပ်ငန်းများငွေစုဘဏ်အပ်ငွေလက်ခံခြင်း၊[၄] စာရင်းရှင်အပ်ငွေလက်ခံခြင်း၊စာရင်းသေအပ်ငွေလက်ခံခြင်း၊ငွေပေးအမိန့်လွှာနှင့် အာမခံလက်မှတ်ဆောင်ရွက်ပေးခြင်း၊ချေးငွေထုတ်ချေးပေးခြင်း၊ငွေလွှဲလုပ်ငန်းများဆောင်ရွက်ခြင်း၊ATM ကတ်စာရင်းဖွင့်လှစ်ပေးခြင်း၊[၅] Bank Guarantee ဆောင်ရွက်ခြင်း၊Electronic ချလံ ဖြင့် ဝင်ငွေပေးသွင်းခြင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အခွန်အခ ပေးသွင်းငွေများအား e-ချလံ ဖြင့်လက်ခံခြင်း / Online မှတဆင့် My City application ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊စာရင်းဌာန လုပ်ငန်းတာဝန်များ ဖြစ်သည်။[၆] အခြားဘဏ်များနှင့်ပူးပေါင်းခြင်းရန်ကုန်မြို့တော်ဘဏ်နှင့် အကျိုးတူ ငွေလွှဲလုပ်ငန်းဆောင်ရွက်သော ဘဏ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်- (က) ဧရာဝတီဘဏ် (ခ) ကမ္ဘာ့ရတနာဘဏ် (ဂ) မြဝတီဘဏ် (ဃ) ရိုးမဘဏ် (င) ကျေးလက်ဖွံ့ဖြိုးရေးဘဏ် (စ) ရတနာပုံဘဏ် ငွေလွှဲလုပ်ငန်းများကို CBM Net မှတဆင့် အခြားဘဏ်များအားလုံးသို့ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia