ရဟန်းတော်များဆိုင်ရာ စာမေးပွဲများ![]() ရဟန်းတော်များဆိုင်ရာ စာမေးပွဲများ ဆိုသည်မှာ သံဃာတော်များကို အရည်အချင်းသတ်မှတ်ခွဲခြားရန်အတွက် မြန်မာနိုင်ငံတွင် ကျင့်သုံးသော နှစ်စဉ်ကျင်းပသည့် စာမေးပွဲစနစ်ဖြစ်သည်။ ဤသို့စာမေးပွဲများကျင်းပခြင်းကို စတင်ခဲ့သည်မှာ ၁၆၄၈ခုနှစ်ကပင်ဖြစ်၍[၁] ယင်းစနစ်ကို မျက်မှောက်ခေတ်ကာလတွင်လည်း ဆက်လက်ကျင့်သုံးကြပြီး စာမေးပွဲများကို သာသနာရေး ဝန်ကြီးဌာနက အဓိကအားဖြင့် ကျင်းပပေးသည်။[၂] သမိုင်း![]() သံဃာတော်များနှင့်ပတ်သက်သော စာမေးပွဲများကျင်းပခြင်း ဓလေ့သည် ဒုတိယအင်းဝခေတ် ခေါ် ညောင်ရမ်းမင်းဆက် ကာလလောက်မှ စတင်သည်ဟု ဆိုနိုင်ကာ ရှေးခေတ်ဘုရင်မင်းများသည် ပါဠိစာပေကို အားပေးအားမြှောက်ပြုရန်အတွက် ဖြစ်သည်။[၃] အောင်မြင်သော စာသင်သားရဟန်းများကို အသိမှတ်ပြုခြင်း၊ ဘွဲ့တံဆိပ်၊ ဘုန်းတော်ကြီးကျောင်း စသဖြင့် ချီးမြှင့်ခဲ့သည်။[၃] ပထမပြန်စာမေးပွဲများကို ညောင်ရမ်းခေတ်၏ သာလွန်မင်း လက်ထက် ၁၆၄၈ တွင် စတင်ကျင်းပခဲ့ကြသည်။[၂] ကုန်းဘောင်ခေတ်မှ ဘိုးတော်ဘုရားက ထိုခေတ်ကစာမေးပွဲများကို စံစနစ်ကျစေရန်ဆောင်ရွက်ခဲ့ကာ ဝိနည်းနှင့်ပတ်သက်သော စာမေးပွဲအသစ်များကိုလည်း ထည့်သွင်းစစ်ဆေးစေသည်။[၄] ၁၈၈၆ ကုန်းဘောင်မင်းဆက် အဆုံးသတ်သောအခါ ဤစနစ်မှာ ယာယီရပ်တန့်သွားခဲ့သော်လည်း ကိုလိုနီခေတ်တွင် မြန်မာဘုန်းကြီးကျောင်းများ၏ လောကီ၊ လောကုတ္တရာပညာရေးကို အားပေးချီးမြင့်ရန် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စာမေးပွဲစနစ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏ ။[၃] မြန်မာ့သံဃာထု၏ နှစ်အနည်းငယ်ကြာသော ဆန့်ကျင်ကန့်ကွက်မှုများပြီးနောက် ၁၈၉၅ ဇွန်တွင် ပထမဆုံး ကိုလိုနီအစိုးရက ဦးစီးကျင်းပသော သံဃာတော်စာမေးပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။[၃] ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့များတွင် နှစ်စဉ်ဆိုသလို ကျင်းပခဲ့ကြသည်။[၃] အောင်မြင်သော ရဟန်းတော်ကို ပထမကျော်ဘွဲ့ ဆက်ကပ်သည်။[၃] အစိုးရ စာမေးပွဲများသံဃာတော်များဆိုင်ရာ စာမေးပွဲများကို ခက်ခဲမှုပေါ်မူတည်၍ အဆင့်အများအပြား ခွဲခြားထား၏ ။ စာမေးပွဲတစ်ခုအောင်မြင်လျှင် နောက်တစ်ဆင့်၌ ပို၍ခက်ခဲမြင့်မားသော စာမေးပွဲကို ဖြေဆိုရန် အရည်အချင်းပြည့်မီသည်။[၅] သံဃာတော်များဆိုင်ရာ စာမေးပွဲများကို နယုန်လတွင် ကျင်းပလေ့ရှိခဲ့ကြပြီး ဖြေဆိုရာသည်မှာ ဗုဒ္ဓဘာသာကျမ်းစာများဖြစ်သော သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ တို့မှ ဖြစ်သည်။[၅] မေးခွန်းများသည် ဖြေဆိုသူကို ကျမ်းစာပိုဒ်များ အလွတ်ရွတ်စေခြင်း၊ ဆိုင်ရာ ကျမ်းစာများကို ဝေဖန်ပိုင်းခြား သုံးသပ်စေခြင်းနှင့် ပါဠိသဒ္ဒါကို စစ်ဆေးခြင်းများဖြစ်သည်။[၅] သာမဏေကျော် စာမေးပွဲများသက်တော် (၂၀) မပြည့်သေးသော သာမဏေများအတွက် သာမဏေကျော် စာမေးပွဲများရှိ၍ ထိုသာမဏေများရှိသော ဘုန်းတော်ကြီးကျောင်းများက ဦးစီး၍ကျင်းပကြသည်။ အောက်တိုဘာနှင့် ဇန်နဝါရီလများအကြားတွင် ကျင်းပလေ့ရှိ၏ ။[၆] ယေဘုယျအားဖြင့် ဤအဆင့်စာမေးပွဲများ၌ အဆင့်သုံးဆင့်ရှိကာ ဝိနယ၊ ပါဠိသဒ္ဒါ၊ ဇာတကပုံပြင်များနှင့် ဗုဒ္ဓဘာသာကျမ်းများမှ အသိပညာကို စစ်ဆေးခြင်းဖြစ်သည်။[၆] ရေးဖြေ၊ နှုတ်ဖြေများအတွက် စာမျက်နှာ (၅,၀၀၀) ကျော်ရှိသော စာများကို အလွတ်ကျက်ရန်လိုအပ်ပြီး နှစ်စဉ်အောင်ချက်မှာ (၁၃%) အောက်ဖြစ်သည်။[၆] ဤစာမေးပွဲကို အောင်မြင်သော သာမဏေများသည် သံဃာတော်ဆိုင်ရာ နောက်ဆက်ဘွဲ့ဖြစ်သော 'အလင်္ကာရ' ဘွဲ့အမည်ကို ရရှိသည်။[၆] ပထမပြန် စာမေးပွဲများပထမပြန်စာမေးပွဲများ သည် အနိမ့်ဆုံးအဆင့် စာမေးပွဲများဖြစ်ကာ ခက်ခဲမှုအတိုင်းအတာအရ စာမေးပွဲမှာေလးခုရှိသည်။ ၎င်းတို့မှာ :
ဓမ္မာစရိယစာမေးပွဲများဓမ္မာစရိယစာမေးပွဲများသည် အလယ်အလတ်အဆင့်ရှိကာ ဤစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် စာသင်သားရဟန်းသည် ပထမပြန်စာမေးပွဲသုံးခုစလုံးကို အောင်မြင်ထားရန် လိုအပ်သည်။ စာမေးပွဲကာလမှာ ကိုးရက်တာဖြစ်ရာ ခြောက်ရက်သည် အခြေခံကျမ်းစာများကို စစ်ဆေးခြင်း၊ တစ်ရက်သည် မြန်မာစာကို စစ်ဆေးခြင်းနှင့် နှစ်ရက်သည် ပါဠိစာကို စစ်ဆေးခြင်းတို့ဖြစ်သည်။[၇] အောင်မြင်သော ရဟန်းများကို 'ဓမ္မာစရိယဘွဲ့' အပ်နှင်းသည်။[၅] တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲများတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲများကို ၁၉၄၈ မှစ၍ အစိုးရက ကျင်းပလာခဲ့ကြပြီး အမြင့်ဆုံးအဆင့် စာမေးပွဲဖြစ်သည်။ ဤစာမေးပွဲများသည် အလွန်ခက်ခဲပြီး ဖြေဆိုမည့်ရဟန်းသည် အလွတ်ရအာဂုံဆောင်ရန်လည်းလိုအပ်ကာ ပါဠိကျမ်းစာအားလုံးကို နားလည်ခြင်း၊ ဆိုင်ရာ အဌကထာများကဲ့သို့သော ကျမ်းစာများကိုလည်း သိရှိရန်လိုအပ်သည်။[၈] အာဂုံပြန်ဆိုနှင့် သဘောရေးဖြေ စာမေးပွဲများကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားရှိ မဟာပါသဏလိုဏ်ဂူတော် တွင် (၃၃)ရက်တာကျင်းပကြကာ အချိန်မှာ ဒီဇင်ဘာလဖြစ်သည်။[၅][၉] ဤစာမေးပွဲ၏ ကျယ်ပြန့်မှုအတိုင်းအတာမှာ ကျမ်းစာပေါင်း (၂၀၀) ကျော် စကားလုံးအားဖြင့် ၂.၄ သန်း ပမာဏကို အသံထွက်မှန်မှန်ကန်ကန် အထစ်အငေါ့မရှိ အလွတ်ရွတ်ဆိုရသည်။[၁၀] ဖြေဆိုသူသည် ဗုဒ္ဓဘာသာဆိုင်ရာ ဓမ္မကျမ်းစာများကို ပြောင်မြောက်စွာ နားလည်ရန်လိုအပ်သည်။[၉] တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ ရရှိရန်အတွက် အာဂုံပြန်ဖြေဆိုခြင်း (၅)ဆင့်နှင့် သဘော ရေးဖြေ (၅)ဆင့်၊ စုစုပေါင်း(၁၀)ဆင့်ကို အောင်မြင်စွာ ဖြေဆိုရ၏ ။ စာဖြေပုဂ္ဂိုလ်သည် ရဟန်း တော်များနှင့် သာမဏေများသာဖြစ်ရပြီး ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေကျော် တတိယဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင်တန်းကိုဖြစ်စေ တစ်ခုခုကို အောင်မြင်ပြီးသူ ဖြစ်ရသည်။[၁၁] အလွန်တရာခက်ခဲသည့် ဤစာမေးပွဲကို ပထမဆုံးအောင်မြင်သူသည် မင်းကွန်းဆရာတော် အရှင် ဝိစိတ္တသာရာဘိဝံသ ဖြစ်ကာ ၁၉၅၄ ခုနှစ်တွင် ဖြစ်သည်။[၁၂] စာမျက်နှာပေါင်း (၁၆,၀၀၀) ကျော်ကိုညအမှားအယွင်းမရှိ ဖြေဆို ရွတ်ဆိုခဲ့သောကြောင့် မြန်မာအစိုးရက 'မဟာ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့' ဘွဲ့ဖြင့် ချီးမြင့်ဆက်ကပ်ခဲ့သည်။[၁၃][၁၂][၆] ၂၀၂၀ ကာလအထိ ဤစာမေးပွဲကို နှုတ်ဖြေ၊ ရေးဖြေ အောင်မြင်သူ ရဟန်း (၁၅)ပါးသာ ပေါ်ထွက်ခဲ့သေး၍ 'သာသနအာဇာနည်' ဟူ၍ ကင်းပွန်းတပ် အသိအမှတ်ပြုခံရသည်။[၆][၁၄][၁၅] ပိဋကတ် တစ်ပုံ၊ နှစ်ပုံ၊ သုံးပုံ အောင်မြင်သော ရဟန်းတော်ကို ကနက္ကဒဏ်ထီးဖြူတော် တစ်လက်၊ နှစ်လက်၊ သုံးလက် စသဖြင့် ချီးမြင့်သည်။[၁၆] အခြားကျော်ကြားသော စာမေးပွဲများအခြားကျော်ကြားသော စာမေးပွဲများ၌ မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းက ကျင်းပသော 'သကျသီဟ' စာပြန်ပွဲနှင့် ရန်ကုန်မြို့ ရွှေတိဂုံဂေါပကအဖွဲ့က ကမကထပြုကျင်းပသော 'စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ'များ ပါဝင်သည်။[၅][၁၇] ဤစာမေးပွဲကို အောင်မြင်သော ရဟန်းများကို 'အဘိဝံသ' နောက်ဆက် ဘွဲ့တံဆိပ် ချီးမြင့်သည်။[၁၈] ဤစာမေးပွဲများကို မြန်မာပြည်၌ တန်ဖိုးထားကြပြီး ဖြေဆိုသူရဟန်း၏ ပိဋကတ်ဉာဏ်ရည်ကို စစ်ဆေးရန်ဖြစ်ကာ အဆင့်နှစ်ဆင့်ပါဝင်ရာ ပထမအဆင့်မှာ သက်တော် (၂၇)နှစ် ပြည့်မီရမည်ဖြစ်ပြီး ဒုတိယအဆင့်မှာ သက်တော် (၃၅)နှစ် ရှိရမည်ဖြစ်သည်။[၆] ဒုတိယအဆင့် အောင်မြင်သော ရဟန်းကို စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂဏဝါစက နှင့် စေတိယင်္ဂဏ အဘိဝံသ ဟူ၍ ဘွဲ့များဖြင့် ချီးမြင့်သည်။ ဤစာမေးပွဲနှစ်ရပ်ကို အောင်မြင်သောသူသည် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ပါဝင်ဖြေဆိုရန် အရည်အချင်းပြည့်မီသည်။[၁၉] ရဟန်းတော်များဆိုင်ရာ ဘွဲ့တံဆိပ်များဓမ္မာစရိယနှင့် အထက်စာမေးပွဲများကို အောင်မြင်စွာဖြေဆိုနိုင်သော ရဟန်းသည် အောက်ပါဘွဲ့တံဆိပ်များကို ရရှိပေမည်။ (အမြင့်ဆုံးအဆင့်မှ နိမ့်ရာသို့)
References
|
Portal di Ensiklopedia Dunia