သာသနာရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သာသနာရေးနှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာန (The Ministry Of Religious Affairs)ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သမိုင်းကြောင်းသာသနာရေးဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့ဖြင့် ဖွဲ့စည်း၍ ဘာသာအသီးသီး၏ သာသနာရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များနှင့် စီမံရေးရာဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။ "သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး" ကို ယခင်က အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၁၉ ဦး၊ စုစုပေါင်း ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အရာထမ်း ၅၀ ဦး၊ အမှုထမ်း ၁၁၅ ဦး၊ စုစုပေါင်း ၁၆၅ ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ အလားတူ "ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး"ကိုလည်း ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေး နှစ်မှစ၍ အရာထမ်း ၅၀ ဦး၊ အမှုထမ်း ၁၁၅ ဦး၊ စုစုပေါင်း ၁၆၅ ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁-၄-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်အစိုးရသစ် ပေါ်ပေါက်လာခဲ့ပြီး ဝန်ကြီးဌာနများကို ပြင်ဆင် ဖွဲ့စည်းခဲ့သောကြောင့် သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ အား "သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန" အဖြစ် တစ်ဌာနတည်း ပေါင်းစပ်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းတာဝန်များကို အချိန်နှင့်တပြေးညီ ထိရောက်စွာကြီးကြပ်ဆောင်ရွက် နိုင်ရေးတို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန "ဝန်ကြီးရုံး"ကို အရာထမ်း ၁၀၀ ဦး၊ အမှုထမ်း ၂၃၀ ဦး၊ စုစုပေါင်း ၃၃၀ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပြုပြင်ပြောင်းလဲမှုစတင်စဉ် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို မူလက ဝန်ကြီးဌာနရုံး နှစ်ရုံး အတွင်းဝန်တစ်ယောက်စီဖြင့် ပြောင်းလဲအုပ်ချုပ်ခဲ့သောလည်း ယခုအခါဖွဲ့စည်းပုံသစ်အရ သာသနာရေးဝန်ကြီးဌာန၏မူလဖွဲ့စည်းပုံကို ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့တွင် အရာထမ်း ၇၂၀ နေရာ၊ အမှုထမ်း ၂၇၇၆ နေရာ၊ စုစုပေါင်း ၃၄၉၆ နေရာဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။ သာသနာရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး မူလဖွဲ့စည်းပုံကို အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲ၊ မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲ၊ ဝန်ကြီးဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲနှင့် ဦးစီးရုံးတို့ဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။ ယခင်သာသနာရေး ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ-
ကိုးကား |
Portal di Ensiklopedia Dunia