ရောဘတ် ဘွိုင်းလ် ၁၆၈၉ တွင် တွေ့ရစဉ်
မွေးဖွား (1627-01-25 ) ၂၅ ဇန်နဝါရီ၊ ၁၆၂၇ အိုင်ယာလန်ဘုရင့်နိုင်ငံ၊ ဝေါတာဖို့ဒ်ကောင်တီ၊ လစ်ဇ်မောရဲတိုက်ဆုံးပါး ၃၁ ဒီဇင်ဘာ၊ ၁၆၉၁(1691-12-31 ) (အသက် ၆၄) အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ နယ်ပယ် ရူပဗေဒ ၊ ဓာတုဗေဒ အဖွဲ့အစည်းဌာန တော်ဝင်အဖွဲ့အစည်း ပညာရေး အက်တန်ကောလိပ် တပည့်ကျော်များ Robert Hooke ကျော်ကြားမှုအရင်းခံ သူ့အပေါ် ဩဇာလွှမ်းမိုးသူများ
Katherine Boyle Jonesသူ၏ဩဇာလွှမ်းမိုးခံ နယူတန် [ ၄]
ရောဘတ် ဘွိုင်းလ် (အင်္ဂလိပ် : Robert Boyle ; FRS [ ၅] ( ) သည် အင်္ဂလိပ်-အိုင်းရစ်[ ၆] သဘာဝဒဿနဆရာ၊ ဓာတုဗေဒပညာရှင်၊ ရူပဗေဒပညာရှင်၊ တီထွင်သူတစ်ဦးဖြစ်၍ ပထမဆုံးသော ခေတ်သစ်ဓာတုဗေဒပညာရှင်ဟု အများအားဖြင့် ယူဆခံရသောသူလည်းဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းသည် ခေတ်သစ်ဓာတုဗေဒပညာရပ်ကို တည်ထောင်သူများစွာထဲက တစ်ဦး၊ လက်တွေ့စမ်းသပ်နိုင်သည့် ခေတ်သစ် သိပ္ပံနည်းကျ နည်းလမ်း ဖော်ထုတ်သူ ရှေ့ဆောင်လမ်းပြများစွာမှ တစ်ဦးဟူ၍သတ်မှတ်ကြသည်။ ဘွိုင်းလ်နိယာမ (Boyle's law) ဖြင့် နာမည်ကျော် အထင်ရှားဆုံးဖြစ်၏ ။[ ၇] ထိုနိယာမက အကယ်၍ အပူချိန်သည် အပိတ်စနစ်၌ ကိန်းသေဖြစ်နေပါက ပကတိဖိအားနှင့် ဓာတ်ငွေ့တစ်ခု၏ ထုထည်တို့ကြား ပြောင်းပြန်အချိုးကျပုံကို ဖော်ပြရှင်းလင်းထားသည်။[ ၈] ၎င်းရေးသားခဲ့သော လက်ရာစာပေများအနက် The Sceptical Chymist သည် ဒာတုဗေဒပညာရပ်၌ အခြေခံအုတ်မြစ်စာအုပ်တစ်ခုဟူ၍ ယူဆကြ၏ ။ ဘွိုင်းလ်သည် အင်္ဂလီကန်ဂိုဏ်းဝင် ဘာသာတရား ရိုသေကိုင်းရှိုင်းသူဖြစ်၍ ဘာသာတရားဆိုင်ရာ လက်ရာများကြောင့်လည်း ထင်ရှားလူသိများသည်။[ ၉] [ ၁၀] [ ၁၁] [ ၁၂]
ကိုးကား
↑ Vere Claiborne Chappell (ed.), The Cambridge Companion to Locke , Cambridge University Press, 1994, p. 56.
↑ Marie Boas, Robert Boyle and Seventeenth-century Chemistry , CUP Archive, 1958, p. 43.
↑ "Samuel Hartlib's influence on Robert Boyle's scientific development" (1965). Annals of Science 21 (4): 257–76. doi :10.1080/00033796500200141 . ISSN 0003-3790 .
↑ Newton၊ Isaac (February 1678)။ Philosophical tract from Mr Isaac Newton ။ ကိမ်းဘရစ်ချ် တက္ကသိုလ် ။ But because I am indebted to you & yesterday met with a friend Mr Maulyverer, who told me he was going to London & intended to give you the trouble of a visit, I could not forbear to take the opportunity of conveying this to you by him.
↑ Fellows of the Royal Society ။ Royal Society။ 16 March 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
↑ "Robert Boyle" ။ Encyclopædia Britannica ။ 24 February 2016 တွင် ပြန်စစ်ပြီး ။
↑ Acott, Chris (1999). "The diving "Law-ers": A brief resume of their lives. ". South Pacific Underwater Medicine Society Journal 29 (1). ISSN 0813-1988 . OCLC 16986801 . 2 April 2011 ၌ မော်ကွန်းပြန်ကြည့်စက် တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ ။ 2 April 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 15 September 2021 တွင် ပြန်စစ်ပြီး။
↑ Levine၊ Ira N. (2008)။ Physical chemistry (6th ed.)။ Dubuque, IA: McGraw-Hill။ p. 12။ ISBN 9780072538625 ။
↑ Encyclopædia Britannica ။
↑ MacIntosh၊ J. J.; Anstey၊ Peter။ "Robert Boyle" ။ in Zalta၊ Edward N. (ed.)။ Stanford Encyclopedia of Philosophy ။
↑ O'Connor၊ John J. ; Robertson၊ Edmund F. ၊ "ရောဘတ် ဘွိုင်းလ်" ၊ MacTutor History of Mathematics archive ၊ University of St Andrews .
↑ Works by Robert Boyle at Project Gutenberg