မင်ယွန်ဂီ (ကိုရီးယား: 민윤기၊ ၁၉၉၃ မတ် ၉ ဖွား) သည် အနုပညာအမည် ရှူးဂါး၊ Agust D တို့ဖြင့် ထင်ရှားသော တောင်ကိုရီးယားနိုင်ငံသား ရက်ပါ၊ တေးရေးနှင့် တေးထုတ်လုပ်သူ ဖြစ်သည်။ ဘစ်ဟစ်ဖျော်ဖြေရေးမှ ဘီတီအက်စ် အမျိုးသားတေးဆိုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ၂၀၁၃ ခုနှစ်တွင် ပွဲထွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်၌ ပထမဆုံး တကိုယ်တော် အခွေ Agust D ကို ဖြန့်သည်။ ၂၀၁၈ ခု၌ ၎င်းကိုပင် ဒစ်ဂျစ်တယ်ဖြင့် ရောင်းသည်။ သူ၏သီချင်းများကို သီချင်းလွှင့်သော လုပ်ငန်းများကိုလည်း ရောင်းချခဲ့သည်။ ထိုစဉ်အခါက ဘီလ်ဘုတ်၏ ကမ္ဘာ့သီချင်းခွေများစာရင်းတွင် နံပါတ် ၃ ချိတ်၏။ ၂၀၂၀ ပြည့်တွင် ဒုတိယမြောက် တစ်ကိုယ်တော် Newcastle အခွေဒီတူး ကို ဖြန့်သည်။ အမေရိကန် ဘီလ်ဘုတ် ၂၀၀ စာရင်း၌ နံပါတ် ၁၁၊ ယူကေ သီချင်းခွေစာရင်းတွင် နံပါတ် ၇၊ ဩစတေးလျ၏ အရိယာ သီချင်းခွေဇယားတွင် နံပါတ် ၂ အသီးသီး နေရာရသည်။ ကိုရီးယားတေးသီချင်းမူပိုင်ခွင့်အသင်းမှ စာရင်းအရ သူသည် တေးရေးဆရာအဖြစ်လည်းကောင်း၊ တေးထုတ်လုပ်သူအဖြစ်လည်းကောင်း ပါဝင်သော တေး သီချင်းပေါင်း ၁၀၀ ကျော် ရှိပြီဟု သိရသည်။ ၎င်းသီချင်းများတွင် ၂၀၁၇ ဖရဲသီးတေးသီချင်းဆုပေးပွဲတွင် အကောင်းဆုံး ဆိုး/အာရမ္ဘီသီချင်းဆုရခဲ့သည့် ဂအွန်တေးသီချင်းစာရင်းတွင် နံပါတ် ၂ ချိတ်ခဲ့သော သုရန်၏ ဝိုင် သီချင်းလည်း အပါအဝင်ဖြစ်၏။ ယခုလက်ရှိအချစ်ရေးတွင် ဘီတီအက်စ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ပတ်ခ်ဂျီမင်နှင့် ချစ်သူအဖြစ်ရှိနေသည်ဟုလည်း သိရှိရပါသည်။
- ↑ 대구 토박이 '부심'들게 만드는 대구 출신 미모의 아이돌 6인 (in ko) (January 26, 2020)။ November 5, 2020 တွင် ပြန်စစ်ပြီး။