လီအွန်ဂျူးလီအွန်ဂျူး (ကိုရီးယား: 이은주 ၁၉၈၀ ဒီဇင်ဘာ ၂၂ - ၂၀၀၅ ဖေဖော်ဝါရီ ၂၂) သည် တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။ လူကြိုက်များသော ရဲဘော်ရဲဘက် (၂၀၀၄) နှင့် ဖြောင့်ချက်ပေးစာ (၂၀၀၄) ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ်တွင် မိမိကိုယ်ကို အဆုံးစီရင်သွား၏။ [၁] ငယ်ဘဝနှင့်ပညာရေး၁၉၈၀ ပြည့်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် (မြောက်)ဂျောင်လာပြည်နယ်၊ ဂန်းဆန်မြို့တွင် မွေးသည်။ ငယ်စဉ်က စန္ဒရားတီးသင်ခဲ့ပြီး သရုပ်ဆောင်ဖြစ်ရန် စိတ်ကူးမရှိခဲ့။ ၁၉၉၀ နှစ်များကာလတွင် ဆိုးသို့ပြောင်းလာပြီးနောက် အထက်တန်းဆက်တက်စဉ် ကျောင်းဝတ်စုံဖြင့် ဓာတ်ပုံမိုဒယ်လုပ်ရာမှ လူသိများလာသည်။ [၂] အနုပညာလမ်းကြောင်းရုပ်သံဇာတ်လမ်းတွဲများတွင်ပါဝင်ရန် ဖိတ်ခေါ်ခြင်းခံရရာ ပထမဆုံးဇာတ်ကားမှာ ၁၉၉၉ ခုထွက် ရောင်စုံထရောက်ငါး ဖြစ်သည်။ ၎င်းတွင် ပတ်ချောင်ဝန်၏ ညီမအဖြစ် သရုပ်ဆောင်သည်။ [၃] ခေါင်းဆောင်မင်းသမီးအဖြစ် စပါရသော ဇာတ်ကားမှာ ဒါရိုက်တာ ဟွန်ဆန်းဆူ၏ သူ့ရည်းစားတွေကြောင့်အဝတ်မဲ့သွားတဲ့အပျိုလေး ဖြစ်၏။ ၎င်းနောက် သရုပ်ဆောင် လီဗြောင်ဟွန်၏ ၂၀၀၁ ခုထွက် နာမည်ကြီးဇာတ်ကား ဆိုက်ဆိုက်မြိုက်မြိုက် တွင် သရုပ်ဆောင်သည်။ [၄] နောက်ဇာတ်ကားများမှာ လူကြိုက်နည်း၏။ ၂၀၀၄ ခုထွက် ကိုရီးယားစစ်ပွဲအကြောင်းရိုက်ကူးသည့် ရဲဘော်ရဲဘက် ဇာတ်ကားတွင် ပါဝင်သည်။ ထိုကားမှာ ကမ္ဘာ့ဈေးကွက်သို့ပင် ပေါက်သော ဇာတ်ကားတည်း။ [၅] ထိုနှစ်တွင်ပင် နာမည်ကြီး ရုပ်သံဇာတ်လမ်း မီးငှက် တွင် ပါဝင်သည်။ နောက်တနှစ်၌ ဒါရိုက်တာ ဒန်နီယယ်ဘွန်း၏ ဖြောင့်ချက်ပေးစာ ဇာတ်ကားတွင် သရုပ်ဆောင်သည်။ ဤဇာတ်ကားကို ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပွဲပိတ်ဇာတ်ကားအဖြစ် ပြသခဲ့သည်။ ဘဝနိဂုံးဒန်ကွက်တက္ကသိုလ်မှ ဘွဲ့ရပြီးမကြာမီ ၂၀၀၅ ခု၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဆောင်နမ်မြို့၊ ဘန်ဒန်ရပ်ရှိ တိုက်ခန်းတွင် မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားသည်။ ဖြောင့်ချက်ပေးစာ ဇာတ်ကားတွင် ပါဝင်သော ဝတ်လစ်စားလစ်ဇာတ်ကွက်များကြောင့် အိပ်မပျော်ဖြစ်ကာ စိတ်ကျရောဂါခံစားနေရကြောင်း မိသားစုက ဆို၏။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia