လူချွန်လူကောင်းလူချွန်လူကောင်း သီချင်းသည် တေးရေး ဆရာမြို့မငြိမ်းရေးစပ်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ နောက်ခံဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်းနှင့် ပတ်သက်၍ ဆရာဗိုလ်ကလေးတင့်အောင် ရိုးသားမှုဖြင့် ချီးကျူး ပြောဆို ခဲ့ဖူးကြောင်း စာရေးဆရာ ချစ်ဦးညိုကလည်း ပထမအကြိမ် စင်ကာပူ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။ ဝန်ကြီးချုပ်ဦးနုလက်ထက်က ၎င်း၏ ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ် ပြိုင်ပွဲကျင်းပရာ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့ကြောင်း၊ ထိုသီချင်းကို မြန်မာ့အသံက လွှင့်သော်လည်း နားထောင်သူပရိသတ်သာမက ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် မမှတ်မိတော့ကြောင်း၊ ဆုရရန် မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ရေးစပ်သည့် သီချင်း ဖြစ်သောကြောင့် လူအများ၏ စိတ်ထဲတွင် သတိမရတော့ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။ ဆရာ ဗိုလ်ကလေးတင့်အောင်ကပင် ထိုသို့ ပြည်တော်သာစီမံကိန်းသီချင်း စပ်နေချိန်၌ မြို့မငြိမ်းက လူချွန်လူကောင်း သီချင်းကို လာရောက်ပြသခဲ့ကြောင်း၊ ထိုသီချင်းကို ကောင်းသည်ဟု မထင်ခဲ့သော်လည်း ထိုသီချင်းမှာ ယခုအချိန်အထိ လူအများ၏ ပါးစပ် ဖျား၌ စွဲမြဲနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ သီချင်းစာသားလူချွန်လူကောင်း (ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျှော်တခေါ်စိုပြည်လွင် ရိတ်သိမ်းချိန်ဆိုပြန်လျှင် ဝင်းမှည့်ရွှေစင်အိလို့ပင် စပါးအနှံတွေနဲ့ အသီးတွေ သန်မြန်အောင်မြင်…။
ဥဩသံသွဲ့ နာပျော်ဖွယ်ကြည်ကြည်လင် လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံ ကြီးငယ် အရပ်ရပ်တွင် ကြည်းရေတခွင်က အရောင်းအဝယ် စုံဆန်သာသည်ပင်…။
မြို့မ မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင် ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင် ရိုသေခင်မင် အားတက် အလေးပြုလျှက်ပဲ အစဉ်…။)၂
စံချိန်ရင်ဘောင်တန်းလိုက်လို့ယှဉ် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် သန်မြန်ယောက်ျားဘသားပင်...။
တွင်တွင်ကျယ်ကျယ် ထက်အောက် မြေတခွင် သစ်ပင်တွေ မြေတွင်းဓာတ်တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...။
သုံးသပ်လေ့လာယှဉ် အကြံဉာဏ်ဝေဖန် မျှော်လို့မြင် ငါတို့ပြည်ထောင်စုတွင်...။
မြေပြင်လေပြင်နှံ့စပ်စုံလင် တို့လူချွန်လူကောင်း အစုတွင် ပါဝင်တယောက်ဆို တအားပင်…။
ခေတ်ရောရှေ့မီ သမားကျော်များပင် လူထုကို ကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်ထား ညွန်ကြားညွန်ကြား သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်...။)၂
အဖအမိပုံသွင် အာစရိတွေပင်)၂ လူချွန်လူကောင်းလေးတွေ ဖြစ်အောင် မြေတောင်မြှောက်ကာ မြှင့်တင်...။
မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်း အစုတွင် ပါဝင်တယောက်ဆို တအားပင်...။) ၂ ကိုးကား |
Portal di Ensiklopedia Dunia