လျှပ်စစ်စွမ်းအားလျှပ်စစ်စွမ်းအားဆိုသည်မှာ အချိန်တစ်ခုအတွင်း လျှပ်စစ်ပတ်လမ်းတစ်ခုမှ လျှပ်စစ်စွမ်းအင်ပြောင်းလဲနှုန်းဖြစ်သည်။ စွမ်းအား၏SI ယူနစ်မှာ ဝပ်(ဂျိုးပါစက္ကန့်-joule per second)ဖြစ်သည်။ လျှပ်စစ်စွမ်းအားကို များသောအားဖြင့် လျှပ်ထုတ်စက်များမှထုတ်လုပ်သည်။ သို့သော်အခြားသောနည်းများဖြင့်လည်းထုတ်နိုင်သည်။ လျှပ်စစ်စွမ်းအားကို ကီလိုဝပ်နာရီ(kilowatt hour)(3.6 MJ)-လျှပ်စစ်စွမ်းအားကို ကီလိုဝပ်ယူနစ်နှင့် အချိန်၏မြှောက်လဒ်ဖြင့်ရောင်းချသည်။ လျှပ်စစ်စွမ်းအားကို လျှပ်စစ်မီတာများဖြင့်တိုင်းတာသည်။ လျှပ်စစ်စွမ်းအားမှာ စွမ်းအင်လျော့ပါးမှုကိုဖြစ်စေပြီး အခြားသော အရွေ့၊အလင်း၊အပူစွမ်းအင်များသို့ပြောင်းလဲနိုင်သည်။[၁] အဓိပ္ပာယ် သတ်မှတ်ချက်လျှပ်စစ်စွမ်းအားသည် အလုပ်ပြီးမြောက်နှုန်းဖြစ်ပြီး ဝပ်ဖြင့်တိုင်းတာကာ "P"ဖြင့်သင်္ကေတပြုသည်။ လျှပ်စီး "I"မှ လျှပ်စစ်ဓာတ်"Q" ကူးလောင်းဖြင့် electric potential difference "V"ကို အချိန်"t"တွင်ဖြတ်စီးခြင်းမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအား၏ ဝပ်ပမာဏမှာ ဖြစ်သည်။ Q=လျှပ်စစ်ဓာတ်(ကူးလောင်း)(coulombs) t=အချိန်(စက္ကန့်)(seconds) I=လျှပ်စီး(အမ်ပီယာ)(amperes) V=electric potential difference(ဗို့)(volts)
ရှင်းလင်းချက်![]() လျှပ်စစ်ပစ္စည်းတစ်ခု၏ ပတ်လမ်းတွင် လျှပ်စစ်ဓာတ်များ electric potential differenceကိုဖြတ်၍သွားခြင်းဖြင့် လျှပ်စစ်စွမ်းအားမှ အခြားစွမ်းအင်သို့ပြောင်းနိုင်သည်။ လျှပ်စစ်စွမ်းအား၏ရှုထောင့်ကိုမူတည်၍ လျှပ်စစ်ပတ်လမ်း၏အစိတ်အပိုင်းများကို၂မျိုးခွဲနိုင်သည်။
![]()
အချို့ပစ္စည်းများသည် ဗို့အားနှင့် လျှပ်စီးပေါ်မူတည်၍ loadလည်းဖြစ်သကဲ့သို့ power sourceလည်းဖြစ်သည်။ဥပမာ- ပြန်လည်အားသွင်းနိုင်သော ဘတ်ထရီသည် ပတ်လမ်းတစ်ခုကိုဆက်ထားချိန်တွင် sourceဖြစ်ကာ ပြန်လည်အားသွင်းချိန်တွင် loadဖြစ်သည်။ ခုခံမှုပတ်လမ်းခုခံမှု ကိစ္စတွင် ဂျူးလော (Joule's law)နှင့် အုမ်းလော(Ohm's law)ကို ဆက်စပ်သုံးနိုင်သည်။ R=ခုခံအား ပြန်လှန်လျှပ်စီး(Alternating current)ပြန်လျှပ်စီးတွင် လျှပ်ညှို့သတ္တိ(inductance)နှင့် လျှပ်သိုသတ္တိ စွမ်းအားစီးမှု၏နောက်ပြန်ရှိသည်။ ACလှိုင်းပုံအပြည့်ရှိသော စွမ်းအားစီးဆင်းမှု(ဦးတည်ချက်တစ်ခုတည်းစီးဆင်းမှု)ကိုreal powerဟုခေါ်သည်။ ပြန်လာသော စွမ်းအားကို reactive powerဟုခေါ်သည်။real power "P"ကို Vp=peak voltage (volts) Ip =peak current (amperes) Vrms= root-mean-square voltage(volts) Irms= root-mean-square current (amperes) θ=phase angle between current and voltage sine waves
![]() real power ၊ reactive powerနှင့် apparent powerတို့၏ ဆက်သွယ်မှုကို ဗက်တာတန်ဖိုးများဖြင့်ဖော်ပြနိုင်သည်။real powerကို ရေပြင်ညီဗက်တာ၊reactive powerကို ထောင်လိုက်ဗက်တာဖြင့်ဖော်ပြကာ apparent powerကိုထောင့်မှန်ခံဗက်တာဖြင့်ဖော်ပြသည်။ ထိုဖော်ပြချက်ကို power triangleဟုခေါ်သည်။ ပိုက်သာဂိုရ သီအိုရမ်အရ ထို၃ခု၏ဆက်သွယ်ချက်မှာ လျှပ်စစ်သံလိုက်နယ်ပယ်နေရာတစ်ခုတွင် လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းအတူတကွဖြစ်ပေါ်တိုင်း လျှပ်စစ်စွမ်းအားစီးလေ့ရှိသည်။ လျှပ်စစ်စက်ရုံများလျှပ်စစ်စက်ရုံများက လျှပ်စစ်ထုတ်ခြင်းနှင့်ပို့လွှတ်ခြင်းကိုလုပ်ဆောင်သည်။ လျှပ်ထိပ်ခေါင်းကိုဖြတ်၍ လျှပ်စစ်ဓာတ်လိုအပ်သောနေရာများသို့ပို့လွှတ်သည်။ အသုံးပြုခြင်းလျှပ်စစ်ထုတ်ရာစက်ရုံများမှ ဓာတ်အားများကို ထုတ်လွှတ်ရာလမ်းများမှတစ်ဆင့် စက်ရုံ၊အလုပ်ရုံများ၊လူနေရပ်ကွက်များသို့ဖြန့်ဖြူးသည်။ နိုင်ငံတစ်နိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်မှုအပေါ်လည်းမူတည်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia