အုမ်း၏ နိယာမ![]() အုမ်း ၏ နိယာမ(Ohm's law) ဆိုသည်မှာ ဂျာမန် ရူပဗေဒ ပညာရှင် ဂျော့ ဆိုင်မွန် အုမ်း ၏ လေ့လာတွေ့ရှိချက် နိယာမများကို ဆိုလိုခြင်းဖြစ်သည်။ အုမ်းဆိုလိုသည်မှာ အစွန်း နှစ်ဘက်ရှိသောလျှပ်ကူးပစ္စည်းတခုတွင် ဖြတ်သန်းစီးဆင်းသွားသော လျှပ်စီးကြောင်း(I ) သည် အစွန်း နှစ်ဘက်တလျှောက် ဖြစ်ပေါ် နေသော ပိုတင်ရှယ်ခြားနားခြင်း(V ) နှင့် တိုက်ရိုက်အချိုးကျကြောင်းတွေ့ရှိခဲ့သည်။
အထက်ပါညီမျှခြင်းတွင် ပါဝင်သည့် သင်္ကေတများမှာ -
ဤနိယာမ၏ အမည်သည် ဂျာမန်လူမျိုး ရူပဗေဒပညာရှင် ဂျော့အုမ်း (Georg Ohm) ကို အစွဲပြုကာ ပေးထားသည်။ ဂျော့အုမ်းသည် ၁၈၂၇ ခုနှစ်တွင် သုတေသနကျမ်း တစ်ခုကို ထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် အသုံးချလိုက်သော ဗို့အားတိုင်းတာမှုများ၊ ဝါယာကြိုးအလျားအမျိုးမျိုးကို အသုံးပြုထားသည့် ရိုးရိုးလျှပ်စစ်ပတ်လမ်းတစ်လျှောက်ရှိ လျှပ်စီးကြောင်း တိုင်းတာမှုတို့နှင့် ပတ်သက်သည်များ ပါဝင်သည်။ အုမ်းသည် သူ၏ လက်တွေ့စမ်းသပ်ချက်များ၏ ရလဒ်တို့ကို ညီမျှခြင်းတို့ဖြင့် ရှင်းပြခဲ့သည်။ သို့သော် သူ၏ ရှင်းပြချက်တို့သည် အထက်တွင် ဖော်ပြခဲ့သည့် ခေတ်မှီညီမျှခြင်းထက် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ အသေးစိတ်ကို သမိုင်းတွင် ကြည့်ပါ။ သမိုင်း![]() အချိန်သည် ၁၇၈၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်သည်။ ဂျော့အုမ်း၏ လုပ်ဆောင်မှုများ မပြုခင်က ဖြစ်သည်။ ဟင်နရီကာဗန်ဒစ်သည် အလျားအမျိုးမျိုး၊ အချင်းအမျိုးမျိုးရှိသည့် ဖန်ပြွန်များ၊ Leydeen ခရားများတွင် ဆားဖျော်ရည်တို့ကို ထည့်ကာ စမ်းသပ်ခဲ့သည်။ အားပြင်းသော လျှပ်စစ်ရှော့သည် သူ့အား ခံစားရစေပြီး လျှပ်စီးကြောင်းကို တိုင်းတာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်းများ စီးဆင်းနေသည်။ ကာဗန်ဒစ်က လျှပ်စီးကြောင်းသည် ဗို့အားနှင့် တိုက်ရိုက်ပင် ပြောင်းလဲသည်ဟု ရေးသားခဲ့သည်။ သူသည် သူ၏တွေ့ရှိမှုရလဒ်တို့ကို အခြားသိပ္ပံပညာရှင်တို့ကို ပြောဆိုဆက်သွယ်မှု မလုပ်ခဲ့ပေ။[၂] သူ၏ တွေ့ရှိမှုများကို ၁၈၇၉ ခုနှစ်တွင် Maxwell က ထုတ်ဝေသည့်အချိန်မတိုင်ခင်အထိ မသိကြပေ။[၃] ကိုးကား
|
Portal di Ensiklopedia Dunia