လွင်လွင်အေးကျော်

လွင်လွင်အေးကျော်
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဇွန် ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးမောင်မောင်အေး
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၂၆ မေ ၂၀၁၆ – ၁၀ ဇွန် ၂၀၂၁
ခန့်အပ်သူဦးထင်ကျော်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်လွင်လွင်အေးကျော် (၁၉၆၂ ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည်။သူမသည် လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။[]

ပညာရေး

ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိသည်။၂၀၀၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ အပြင် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ ရရှိသည်။

ဝန်ထမ်းဘဝ

၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ဝင်ရောက်ခဲ့ပြီး တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ သူမသည် ကလေးသူငယ်တရားသူကြီး ရာထူး အပါအဝင် တရားရုံးများတွင် အဆင့်ဆင့် ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရသည်။ ထို့နောက် တရားရုံးချုပ်(ရန်ကုန်)တွင် တွဲဖက်ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

ဒေါ်လွင်လွင်အေးကျော်သည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခံရသည်။[] ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဖြစ်လာသည်။[]

ကိုးကား

  1. ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMOI Myanmar (၁၀ ဇွန် ၂၀၂၁)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ၂၀၂၀ပြည့်နှစ်တရားရုံးနှစ်စသ်အစီရင်ခံစာပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပMyanmar Digital News (၁၈ ဇွန် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya