မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)
ဦးမြင့်ဆွေ (၂၄ ဇွန် ၁၉၅၁ မွေးဖွား[၁]) သည် မြန်မာနိုင်ငံသား မွန်လူမျိုး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၂][၃]၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီးနောက် ဦးမြင့်ဆွေက မည်သူကမှ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်ပြီး ထို့နောက်တွင် နိုင်ငံတော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့အား ယင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့သည်။[၄] ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေသော ယာယီသမ္မတ ဦးမြင့်ဆွေ၏ တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က လွှဲပြောင်းယူလိုက်ကြောင်း ၂၂ ဇူလိုင် ၂၀၂၄ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဆေးခွင့်နှင့် ကုသမှုခံယူနေရသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။[၅] ငယ်ဘဝနှင့် စစ်မှုထမ်းခြင်းဦးမြင့်ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။[၆] ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။[၇] ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးခင်ညွန့်အား ဖယ်ရှားပြီးနောက် သူသည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။[၈] ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်သည်။[၁] ၂၀၀၉ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။[၇][၉]၂၀၁၀ခုနှစ်တွင် စစ်ဖက်ဆိုင်ရာရာထူးမှ အနားယူခဲ့သည်။ နိုင်ငံရေးရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေအား ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဦးတင်အောင်မြင့်ဦးသည် ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေအား အဆိုပြုခဲ့သော်လည်း သားဖြစ်သူတစ်ဦးမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတအရည်အချင်းနှင့် မပြည့်မှီသောကြောင့် မအောင်မြင်ခဲ့ပေ။[၁၀] ဒုတိယသမ္မတ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။[၁၁] ယာယီသမ္မတ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ အခြေခံဥပဒေအရ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ကျမ်းကျိန်ဆိုကာ လွှတ်တော်မှ သမ္မတအသစ် ရွေးချယ်တင်မြှောက်သည်အထိ ဆောင်ရွက်ခဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေသည် ယာယီသမ္မတ ဖြစ်လာခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia