လှိုင်း

Surface waves in water showing water ripples

ရူပဗေဒတွင် လှိုင်း သည် အာကာသ ကြားခံနယ် သို့မဟုတ် ထုထည်တလျှောက် စွမ်းအင် ပြီးမြောက်ကူးပြောင်းသည့် တုန်ခါမှု ဖြစ်သည်။ ကြိမ်နှုန်းသည် အချိန်၏ ထပ်ပေါင်းအဖြစ် ရည်ညွန်းသည်။ လှိုင်း ရွေ့လျားမှု သည် စွမ်းအင်ကို တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းသည်။ လှိုင်းတွင် တုန်ခါမှု ပါဝင်သည်။ လှိုင်း ၂ မျိုး ရှိသည်။ စက်မှုလှိုင်းသည် ကြားခံနယ်မှတဆင့်သွားသည်။ ဥပမာ အသံလှိုင်းသည် လေမော်လီကျူးများကို ဖြတ်သန်းသွားပြီး အနီးအနားရှိ ပတ်ဝန်းကျင်နှင့် ထိတိုက်မိကုန်သည်။ ယင်းသည် မော်လီကျူးများကို လှိုင်းလားရာ၏ ခရီးနှင်မှုအား ထိန်းပေးသည်။ ဒုတိယတစ်မျိုးမှာ လျှပ်စစ်သံလိုက်လှိုင်းဖြစ်ပြီး ကြားခံနယ် မလိုအပ်ပေ။ ယင်းတို့သည် လျှပ်စစ်နှင့် သံလိုက်စက်ကွင်းများဖြင့် တုန်ခါသောကြောင့် လေဟာနယ်ကို ဖြတ်သန်းသွားနိုင်သည်။ ယင်းအမျိုးအစားသည် လှိုင်းအလျားဖြင့် ကွဲပြားသွားပြီး ရေဒီယိုလှိုင်း၊ မိုက်ခရိုလှိုင်း၊ အနီအောက် ရောင်စဉ်ဖြာထွက်ခြင်း၊ အက်ဇ်ရေးနှင့် ဂါမာရောင်ခြည်တို့ဖြစ်ကြသည်။ ဒြပ်ဆွဲအားစက်ကွင်းကြောင့် ဖြစ်လာသော ဒြပ်ဆွဲအားလှိုင်းသည်လည်း အာကာသကို ဖြတ်သန်းသွားနိုင်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya