ဝိနည်းမဟာဝါမဟာဝါ (သို့) ဝိနည်းမဟာဝါ (ပါဠိ: မဟာဝဂ္ဂ) သည် ဝိနည်းကျမ်းများအနက် တတိယမြောက်ကျမ်းစာဖြစ်သည်။[၁] ၎င်း၏ရှေ့ကျမ်းနှစ်ခုတွင် မပါဝင်သေးသော သံဃာများနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထား၏ ။ ဤ မဟာဝဂ် (သို့) မဟာဝဂ္ဂ ပါဠိတော်ကို ခန္ဓကပါဠိတော်အပိုင်းများဖြင့် တည်ဆောက်ထား၍[၂] ခန္ဓကပါဠိတော်များတွင်
မဟာခန္ဓကကို ဗုဒ္ဓဖြစ်တော်မူခြင်းဟူသော အခန်းဖြင့် စတင်ထား၍ ဆိတ်ကျောင်းညောင်ပင်တွင် စံတော်မူခြင်း၊ ဗြဟ္မာတောင်းပန်းခြင်းစသည့် အကြောင်းအရာများပါရှိသကဲ့သို့ ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏသုတ် များလည်းပါဝင်သည်။ မဟာခန္ဓကအပိုင်းတွင် ရဟန်းတော်အဖွဲ့စည်းကြီး စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်နှင့် အဖွဲ့စည်းအတွင်း အတူနေ ဆရာ၊ တပည့်တို့ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရဟန်းဘောင်သို့ ဝင်ရောက်လာသူများနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းဥပဒေများ ပါဝင်သည်။ ဥပေါသထခန္ဓကတွင် သံဃာများစည်းဝေးခြင်း၊ ပါတိမောက်၊ ဥပုတ်၊ သိမ်၊ ဝိနည်း မေးခြင်း၊ ဖြေခြင်း၊ စောဒနာ စသည့် အကြောင်းအရာများပါရှိသည်။[၂][၃] ဥပေါသထခန္ဓကအပိုင်းတွင် ဘုရင်ဗိမ္ဗိသာရသည် မြတ်ဗုဒ္ဓအား သာသနာပ အဖွဲ့စည်းများ၏ မကြာခဏ စည်းဝေးမှုကြောင့် စည်းလုံးညီညွတ်မှုရှိပုံနှင့် ဗုဒ္ဓသာသနာကို နှိုင်းယှဉ်ထောက်ပြလာ၍ ဘုရားရှင်ဥပုသ်ပြုခြင်းကိစ္စ ခွင့်ပြုခြင်း၊ ဥပုသ်ပြုအခမ်းအနားနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများအကြောင်းကို လေ့လာနိုင်သည်။ နောက်ပိုင်း ခန္ဓကအပိုင်းများတွင် မိုးတွင်းကာလ ဝါကပ်ပုံ၊ ဝါကျွတ် ပဝါရဏာပြုပုံ၊ ရဟန်းတော်တို့၏အသုံး အဆောင်များဖြစ်သော ဖိနပ်၊ ယဉ်၊ ဆေး၊ သင်္ကန်းအသုံးအဆောင်များ၊ ရဟန်းတော်အချင်းချင်း အငြင်းပွားဖွယ် ကိစ္စတစ်ခုခုကြုံလာလျှင် ပြုလုပ်သင့်သည့်နည်းလမ်းများ (ဝိနည်းကံအမျိုးမျိုး)တို့ ပါဝင်သည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia