ဝိနည်းပိဋကတ်
ဝိနည်းပိဋကတ်ကို ရဟန်းတို့ လိုက်နာရန် စည်းကမ်းများ (သိက္ခာပုဒ်)ဟု ပြန်ဆိုနိုင်သည်။ "ဝိနယော နာမ သာသနဿ အာယု"၊ "ဝိနည်းသည် သာသနာတော်၏ အသက်"ဟု ဆိုထား၏။ [၁] ဝိနည်းပိဋကတ် သည် မြတ်စွာဘုရားရှင်က ရဟန်းများ၊ ရဟန်းမများကို လိုက်နာကျင့်သုံး ဆောက်တည်ရန် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ ဖြစ်သည်။ ထိုသိက္ခာပုဒ်တို့တွင် ဘိက္ခုပါတိမောက်၌ ပါရှိသော ၂၂၇-သွယ် သိက္ခာပုဒ်၊ ဘိက္ခုနီပါတိမောက်ရှိ (၃၁၁) သိက္ခာပုဒ်များပါဝင်သကဲ့သို့ အခြားဝိနည်းဆိုင်ရာအချက်အလက်များကိုလည်း ဤဝိနည်းပိဋကတ်ခေါ် ဝိနည်းငါးကျမ်းတွင် ဖော်ပြပါရှိသည်။ ပိုင်းခြားကန့်သတ်ခြင်းဝိနည်းပိဋကတ်ကို သင်္ဂါယနာတင်သောပုံစံဖြင့် ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း'၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားပြီး ကျမ်းစာအနေဖြင့် ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဟူ၍ ပိုင်းခြားထားကြသည်။[၂] သို့သော် ဝိနည်းပိဋကတ်အား ကျမ်းစာဖြင့်ပိုင်းခြားရာတွင် ကွဲပြားကြသည်။ အရှင် ဗုဒ္ဓဃောသ အလိုအားဖြင့် ပါတိမောက္ခနှစ်မျိုး၊ ဥဘတောဝိဘင်္ဂ၊ ခန္ဓက နှင့် ပရိဝါဟူ၍ ပိုင်းခြားသည်။ သို့ရာတွင် ပါတိမောက္ခသည် ဥဘတောဝိဘင်္ဂတွင် ပါဝင်သောကြောင့် အစဉ်အဆက်အရ ဥဘတောဝိဘင်္ဂ၊ ခန္ဓက နှင့် ပရိဝါဟူ၍ဖြစ်သည်။ သိက္ခာပုဒ်များကို "သုတ္တ"ဟူ၍ ခေါ်သောကြောင့် သုတ္တဝိဘင်္ဂ (Suttavibanga) ဟူလည်း ခေါ်ဆိုကြသည်။ ဝိနည်းပိဋကတ်ကျမ်းများဝိနည်းပိဋကတ်ကို မြန်မာနိုင်ငံတွင် စာအုပ်ထုတ်ဝေသောပုံစံအရ ကျမ်း ၅-ကျမ်းအဖြစ် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ :
အခြားနည်းအရ ခွဲခြားပုံမှာ :
ဤပိုင်းခြားသည့်နည်းကို ကျမ်းငါးကျမ်းခွဲနည်းနှင့် ယှဉ်တွဲဖော်ပြရလျှင် သုတ္တဝိဘင်္ဂသည် ပါတိမောက္ခဟုခေါ်ဆိုသော ဘိက္ခုဝိဘင်္ဂနှင့် ဘိက္ခုနီဝိဘင်္ဂ၊ တစ်နည်းအားဖြင့် ပါရာဇိကဏ် နှင့် ပါစိတ် တို့ကို ပေါင်းစပ်ထားသည်။ ခန္ဓက အား မဟာဝဂ္ဂ ခေါ် ဝိနည်းမဟာဝါ နှင့် စူဠဝဂ္ဂ ခေါ် စူဠဝါ တို့နှစ်ခု ပေါင်းစပ်ထားကာ ပရိဝါကျမ်းမှာ အတူတူဖြစ်သည်။[၃] ကိုးကား ကျမ်းမှီး
|
Portal di Ensiklopedia Dunia