ဆက်စပ်နေသောပွဲများ
- ဝီကီပီးဒီးယား ဖတ်ရှုခြင်း၊ ဟောပြောခြင်း၊ တည်းဖြတ်ခြင်း ဟောပြောပွဲ (မန္တလေးမြို့)
(နေရာနှင့်အချိန်ကို ထပ်မံကြေငြာပါမည်။)
စည်းမျဉ်းစည်းကမ်းများ
လိုရင်းတိုရှင်းပြောရလျှင် အာရှနှင့်ပတ်သက်သော (လူပုဂ္ဂိုလ်၊ နေရာ၊ ယဉ်ကျေးမှု အစရှိသော) ဆောင်းပါး အသစ်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားရန် ဖြစ်ပြီး အနည်းဆုံး ၃,၀၀၀ ဘိုက် သို့မဟုတ် စာလုံးရေ ၃၀၀ အနည်းဆုံး ရှိရမည်ဖြစ်ပြီး အကိုးအကား ပါရှိရမည်။ စာရင်းများ မပါဝင်ပါ။
- ဆောင်းပါးသည် သင်ကိုယ်တိုင် ဖန်တီးသော ဆောင်းပါး ဖြစ်ရမည် (ဆိုလိုသည်မှာ ရှိပြီးသား ဆောင်းပါးတိုကို ချဲ့ထွင်ရေးသားခြင်း မဟုတ်ပါ။) ဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက် မနက် ၀:၀၀ နာရီမှ ၂၀၁၉ နိုဝင်ဘာလ ၃၀ ရက် ည ၂၃:၅၉ (UTC) အတွင်း ရေးသားရန် ဖြစ်သည်။
- ဆောင်းပါးသည် အနည်းဆုံး ၃,၀၀၀ ဘိုက် နှင့် အနည်းဆုံး စာလုံးရေ ၃၀၀ မျှ ရှည်လျားရမည် ဖြစ်သည်။ Infobox နှင့် Template များကို ထည့်မတွက်ပါ။
- ဆောင်းပါးသည် ထင်ရှားအရေးပါမှု စည်းမျဉ်းနှင့် ကိုက်ညီရမည်။
- ဆောင်းပါးတွင် ခိုင်လုံသော ကိုးကားချက် ရှိရမည်။ ဆောင်းပါးအတွင်းရှိ သံသယဖြစ်ဖွယ် ရှိသော သို့မဟုတ် အငြင်းပွားဖွယ်ဖြစ်သော ဖော်ပြချက်များအတွက် ဆောင်းပါးတွင် ညွှန်းဆိုထားသော ရည်ညွှန်းကိုးကားချက်များဖြင့် တိုက်ဆိုက်စစ်ဆေးနိုင်ရမည်။
- ဆောင်းပါးသည် ဆော့ဖ်ဝဲလ် သက်သက်ကိုသာ အသုံးပြု၍ ဘာသာပြန်ဆိုခြင်းမျိုး မဖြစ်ရဘဲ လူကိုယ်တိုင် အသေအချာ တည်းဖြတ်ထားသော ဆောင်းပါး ဖြစ်ရမည်။
- ဆောင်းပါးတွင် ပြဿနာ အကြီးအကျယ် မရှိရပါ။ (မူပိုင်ခွင့်ချိုးဖောက်ခြင်း၊ ထင်ရှားအရေးပါမှု အတွက် မေးခွန်းထုတ်စရာများ စသည်တို့။)
- ဆောင်းပါးသည် စာရင်းမဟုတ်ရပါ။
- ခြွင်းချက်အနေနှင့် ဝီကီပီးဒီးယားတွင် အထူးစာရင်း ဖြစ်သွားသော စာရင်းမျိုးကို ထည့်သွင်းရေတွက်သည်။ (အထူးစာရင်းရှိသော ဝီကီပီးဒီးယားတွင်သာ အကျုံးဝင်သည်။
- ဆောင်းပါးသည် သတင်းအချက်အလက်ပေးနိုင်သော ဆောင်းပါးမျိုး ဖြစ်ရမည်။
- ဆောင်းပါးသည် အာရှနိုင်ငံ တစ်ခုခုနှင့် သက်ဆိုင်သော ခေါင်းစဉ်တစ်ခု ဖြစ်ရမည်။
- စီစဉ်သူ တစ်ဦးတစ်ယောက်မှ တင်သွင်းသော ဆောင်းပါးကို အခြား စီစဉ်သူများမှ စစ်ဆေးရမည်။
- ဘာသာစကား တစ်ခုချင်းစီအတွက် ဝီကီပီးဒီးယားမှ ဒိုင်များသည် ဆောင်းပါးတစ်ခုအား ၎င်းတို့ ဝီကီပီဒီးယား၏ ပြိုင်ပွဲတွင် လက်ခံသည် သို့ လက်မခံ ဆိုသော အချက်ကို ဆုံးဖြတ်ရမည်။
- သင့်အနေနှင့် အထက်ပါစည်းမျဉ်းများကို လိုက်နာသော ဆောင်းပါး ၄ ခု ဖန်တီးပါက သင့်အတွက် အခြားအာရှ အသိုင်းအဝန်းတစ်ခုခုမှ ပေးပို့သော ဝီကီပီးဒီးယား အာရှ လ ပို့စကတ်ဒ်ကို လက်ခံရရှိမည် ဖြစ်သည်။
- ဝီကီပီးဒီးယား အာရှ သံအမတ်များသည် အာရှရှိ မိတ်ဖက် အဖွဲ့အစည်းများမှ လက်မှတ်ထိုးထားသော ဂုဏ်ပြုလက်မှတ်တစ်ခု နှင့် ပို့စကတ်ဒ် အပိုတစ်ခုကို ရရှိမည် ဖြစ်သည်။ ပိုမိုသိရှိလိုပါက အမေးအဖြေကဏ္ဍ ကို ကြည့်ပါ။
စာရင်းပေးရန်
သင့်အနေနှင့် နိုဝင်ဘာလ တစ်လလုံး မည်သည့်အချိန်မဆို စာရင်းပေးနိုင်သည်။
ပါဝင်ဆင်နွှဲသူများ
Userbox
စာရင်းသွင်းပြီး ဖြစ်ပါက ဤ Userbox အား သင်၏ အသုံးပြုသူ စာမျက်နှာတွင် ထည့်သွင်း နိုင်ပါသည်။
{{User Asian Month}}
|
ဆောင်းပါးများ ပေးပို့ခြင်း
မြန်မာဝီကီပီးဒီးယားသို့ အာရှ လ အတွက် ဆောင်းပါးများ ကူညီရေးသားလိုပါသလား။ သင်၏ ကူညီမှုများအား ဖောင်တိန်ကိရိယာ မှတဆင့် ပေးပို့နိုင်ပါသည်။
အကယ်၍ သင့်အနေနှင့် ဖောင်တိန် မှတဆင့် ပေးပို့ရာတွင် အခက်အခဲရှိပါက သင်၏ ပြဿနာကို ဤပွဲ၏ ဆွေးနွေးချက်စာမျက်နှာ တွင် တိုင်ကြားပြီး နောက်တစ်ကြိမ် ထပ်မံ ကြိုးစားပါ။ အကယ်၍ ပြဿနာ ရှိနေသေးပါက သင့်အနေနှင့် သင်၏ ကူညီရေးသားမှုများအား ဤနေရာတွင် တင်ပြနိုင်ပါသည်။
လိုအပ်နေသော ဆောင်းပါးများ
အာရှနှင့် ပတ်သက်၍ မြန်မာဝီကီပီးဒီးယားတွင် လိုအပ်နေသော ဆောင်းပါးများထဲမှ အချို့ကို စာရင်း လုပ်ထားပါသည်။
လိုအပ်နေသော ဆောင်းပါးများ
စီစဉ်သူများ